နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို The 2016 Harvard Humanitarian of the Year ဆု ချီးမြှင့်မည်
စက်တင်ဘာလ ၁၇ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ဟားဗတ်ဖောင်ဒေးရှင်းကနေ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို The 2016 Harvard Humanitarian of the Year ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းအနေနဲ့ နှစ်စဉ် The Harvard Humanitarian of the Year ဆုကို ချီးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။ လူသားတို့ရဲ့ ဘဝနေထိုင်မှုတွေ တိုးတက်လာဖို့၊ ကောင်းမြတ်သော ကျင့်ကြံမှုတွေကို အားကျလေးစားလာစေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူတွေကို ရွေးချယ် ချီးမြှင့် ပေးတဲ့ ဆု ဖြစ်ပါတယ်။ မာတင်လူသာကင်းစီနီယာ၊ ဒက်စ်မွန်တူးတူး၊ ဘင်ယာမင်ဟုခ် စတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုလည်း ချီးမြှင့်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ မာလာလာ၊ ၂၀၁၄ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ၂၀၁၅ ခုနှစ်မှာ နိုဗယ်လ်ဆုရှင် Kailash Satyarthi စသည်ဖြင့် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ မြန်မာနိုင်ငံက နိုဗယ်လ်ဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မှာ ဖြစ်ပါတယ်။
Myanmar State Counsellor Office
Labels
ပြည်တွင်းသတင်း

Post A Comment
No comments :