ရေကူးဝတ်စုံ ပြိုင်ပွဲဝင်မိလို့ အရှက်ခွဲခံရတဲ့ မော်ဒယ်လ်မလေး


တရုတ်နိုင်ငံက ရေကူးဝတ်စုံပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း မော်ဒယ်လ် အမျိုးသမီးရဲ့  ချစ်သူကောင်လေးမှ လာရောက် သောင်းကျန်းခဲ့တဲ့ အတွက် အတော်လေးကို ပွဲပျက်ခဲ့ရပါတယ်။ အဆိုပါ ရေကူးဝတ်စုံ ပြိုင်ပွဲကတော့ တရုတ်နိုင်ငံမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ် ဖြစ်တာကြောင့် မော်ဒယ်လ်ရဲ့ ရည်စား ပွဲဆူခဲ့တဲ့ အဖြစ်အပျက်က ရုပ်သံရိုက်ကူးရေးကို အနှောင့်အယှက် ဖြစ်စေရုံသာမက အဲဒီ အကျည်းတန်တဲ့ အဖြစ်အပျက်အလုံးစုံကို တစ်ပြည်လုံး သိသွားစေခဲ့ပါတယ်။


ပိုပြီး ဆိုးရွားစေတာက အဆိုပါ အမျိုးသားက မော်ဒယ်လ် အမျိုးသမီးရဲ့ ဘီကနီ အပေါ်ပိုင်းကို ဆွဲဆောင့်တာကြောင့် အမျိုးသမီးရဲ့ လျှို့ဝှက်အပ်တဲ့ ကိုယ်ခန္ဓာအတွင်းပိုင်းဖြစ်တဲ့ ရင်သားကို အများသူငါ မြင်တွေ့ခဲ့ရပါတယ်။

အမျိုးသားက မော်ဒယ်လ် အမျိုးသမီးကို “နင်ဘာတွေ လုပ်နေတယ်ဆိုတာကော သိရဲ့လား။ နောက်ပြီ အခုလို ၀င်ပြိုင်ဖို့ရော ဘယ်သူက ခွင့်ပြုပြီး ဘယ်သူက အကြံပေးတာလဲ ” စသဖြင့် အော်ဟစ် ပြောဆိုပြီး သူမ လက်ကိုဆွဲကာ ပြိုင်ပွဲကနေ ထွက်ဖို့ အတင်းအကျပ် ဆွဲခေါ်သွားခဲ့ပါတယ်။

သူမနဲ့အတူ ပြိုင်ပွဲဝင် အမျိုးသားတစ်ဦးကတော့  သောင်းကျန်းနေတဲ့  မော်ဒယ်လ်ရဲ့ ရည်းစားကို ရပ်တန့်စေဖို့ ၀င်ရောက်ဆွဲခဲ့ပေမယ့် အချည်းနှီးပါပဲ။  အခြား အမျိုးသမီး ပြိုင်ပွဲဝင်တွေကလည်း စိတ်ထိန်းဖို့ ၀င်ရောက် ဖျန်ဖြေကြခဲ့ပါတယ်။

ဒါပေမယ့် သူကတော့ ဒေါသကို မထိန်းနိုင်ဘဲ သူမကို နင်တော်တော်  ပြချင်နေလား စတဲ့ ရင့်သီးတဲ့ မေးခွန်းတွေကို တရစပ်မေးပြီးနောက် အဲဒီလောက် ပြချင်နေဦး ဆိုပြီး မိန်းကလေးရဲ့  ဘီကနီ အပေါ်ပိုင်းကို ဆွဲဆောင့်ပြီး သူမရဲ့ ရင်သားကို လူတကာ တွေ့မြင်စေခဲ့ပါတယ်။



အင်တာနက် သတင်းများအရ အဆိုပါ မော်ဒယ်လ် အမျိုးသမီးဟာ တရုတ် dating show တစ်ခုမှ နာမည်ကြီး Bai Jing ဖြစ်ပြီး ယခုအဖြစ်အပျက်ကတော့ သူမအတွက် အွန်လိုင်းမှာ တော်တော် အဖွခံရမယ့် ထွင်လုံးတစ်ခု  ဖြစ်သွားစေခဲ့ပါတယ်။
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :