နျူကလီးယားထိပ်ဖူးကို အောင်မြင်စွာစမ်းသပ်ဖောက်ခွဲနိုင်ခဲ့ဟု မြောက်ကိုရီးယား အတည်ပြု


ပြုံယမ်း၊ စက်တင်ဘာ-၉

နျူကလီးယားထိပ်ဖူး ဖောက်ခွဲစမ်းသပ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ယင်းမှာ အမေရိကန်၏ ရန်ပြုမှုကို တန်ပြန်ရန်ရွယ်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက အတည်ပြုပြောကြားခဲ့သည်။

“နိုင်ငံမြောက်ပိုင်း နျူကလီးယားစမ်းသပ်ကွင်းမှာ ကျနော်တို့ရဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေက အသစ်စက်စက်တီထွင်ထုတ်လုပ်ထားတဲ့ နျူကလီးယားထိပ်ဖူးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲခဲ့ပါတယ်”ဟု ရုပ်သံကြေညာသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။

သဘာဝအတိုင်းမဟုတ်သည့် ငလျင်ကို တိုင်းတာတွေ့ရှိခဲ့ပြီးနောက် မြောက်ကိုရီးယားမှာ အစဉ်အဆက် အကြီးမားဆုံးဖြစ်သည့် ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ပြောကြားလာပြီးနောက်တွင် မြောက်ကိုရီးယားက ယခုကဲ့သို့ အတည်ပြုလာခြင်းပင်ဖြစ်သည်။

မြောက်ကိုရီးယား၏ ပန်းဂျီရီ နျူကလီးယားစမ်းသပ်ကွင်းအနီးတွင် ပြင်းအား ၅.၃ပမာဏရှိသည့် ငလျင်ကို တိုင်းတာတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား၏ မိုးလေ၀သအေဂျင်စီက ပြောကြားခဲ့သည်။

“၁၀ကီလိုတန်အား ပေါက်ကွဲမှုဟာ လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်တုန်းကထက် နှစ်ဆလောက် ပိုအားပြင်းပြီး ဟီရို၇ှီးမားအနုမြူဗုံးထက် နည်းနည်းပဲ လျော့ပါတယ်”ဟု တောင်ကိုရီးယား မိုးလေ၀သအေဂျင်စီမှ ကင်နမ်ဝုက ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် ကသောင်းကနင်း (သို့မဟုတ်) စစ်ဖြစ်ပါက မည်သူမျှ အကျိုးများမည်မဟုတ်သောကြောင့် အမှန်တကယ် နျူကလီးစမ်းသပ်သည် ဆိုစေဦးတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သင့်သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုမှာ မိုက်မဲရာကျသည်ဟုဆိုပါလျှင် တောင်ကိုရီးယား၏ အမေရိကန် ဒုံးခွင်းဒုံးစနစ် ဖြန့်ချထားရန် ဆုံးဖြတ်ချက်မှာလည်း ဒေသတွင်း မဟာဗျူဟာမျှခြေကို ပျက်စီးစေသည်ဟု ဆင်ဟွာက ပြောကြားခဲ့သည်။

ပရပ်စ်တီဗီ
AM
china.com Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :