ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၁
ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်း နှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသောအမှုမှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ တင်မင်းလတ်(ခ)ဖိုက်ဇယ် (၃၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၀၁၅ အချိန်တွင်လည်းကောင်း၊ မစုမွန်လတ် (၂၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၂၅၅ အချိန်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Labels
ပြည်တွင်းသတင်း


Post A Comment
No comments :