သာပေါင်းမြို့နယ် ကျောက်ချောင်း သစ်တောကြိုးဝိုင်းအတွင်း သတ်ဖြတ်ခံထားရသည့် ဆင်သေအလောင်းတွေ့ရှိ


၁၅.၉.၂၀၁၆ ရက်နေ့ နံနက် ၁၁.၅၀ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ၊ သာပေါင်းမြို့နယ်၊ ကျောက်ချောင်းကြီးသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၂၉) ၊သင်္ကန်းချောင်းအနီးတွင် ဆင်(၁)ကောင်အား သတ်ဖြတ်ထားကြောင်း သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ကျော်ဇောမှ သာပေါင်းမြို့မရဲစခန်းသို့ လာရောက်သတင်းပေးသဖြင့် သာပေါင်းမြို့မရဲစခန်းမှ ရဲအုပ် ၀င်းနိုင်ဦး ဦးစီး(၂+၃)ဦးနှင့် တောအုပ်ကြီး ကျော်ဇောပါ(၅)ဦးတို့သည် အခင်းဖြစ်ရပ်သို့ ၁၄၂၀ အချိန်တွင် ရောက်ရှိပြီး စစ်ဆေးရာ သင်္ကန်းချောင်းအတွင်း ဦးခေါင်းပိုင်းမရှိ၊ ခန္ဓာကိုယ်ရှိ၊ ခြေ/လက်မရှိ၊ အပေါ်အရေခွံမရှိ၊ ဆင်သေအမ(၁)ကောင်အား တွေ့ရှိခဲ့ပါသည်။

 ဆင်သေ၏ မြောက်ဘက် ပေ(၅၀)ခန့်အကွာ မိုးကာယာယီတဲ(၂)လုံးအတွင်းမှ တူမီးသေနတ် (၂) လက်၊ ရဲဒင်း (၁)လက်၊ တံစည်း (၁) ချောင်း၊ သံဖြတ်လွှ (၁) ချောင်း၊ ပလာယာ (၁) ချောင်း၊ ပလပ်စတစ်အဖြူဖြင့်ထုပ်ထားသော ဒုက္ကာခဲ (၂) ခဲ၊ ဘက်ထရီကလစ်ပါ ဖုန်းအားသွင်းကြိုး (၁) စုံ၊ ယမ်းထောင်းတံဝါး (၂) ချောင်း၊ သံဘောစိ (၅၄) လုံး၊ ဆိုင်ကယ်ဘက်ထရီအိုး အသေး (၂)လုံး၊ TA TA တံဆိပ်ပါဆိုလာပြား (၁)ခု၊ ခေါင်းစွပ်ဓါတ်မီး အသေး(၁)လက်၊ စစ်ကျောပိုးအိပ်ဟောင်း (၁) လုံး ၊အဖြူရောင်ဖျော့ ဂျာကင် (၁) ထည် ၊အ၀တ်အထည်များ နှင့် စောင်/ခြင်ထောင်များ၊ ရေသန့်ဘူးဖြင့်ထည့်လျက် တစ်ဝက်ခန့်ရှိ ယမ်း(၁)ဘူး၊ လမင်းတံဆိပ် ကော်ဘူး ဖြင့်ထည့်လျက် တစ်ဝက်ခန့်ရှိယမ်း(၁)ဘူး၊ မြှားခေါင်း (၃) ခေါင်းတို့အား တွေ့ရှိသဖြင့်သက်သေများနှင့်အတူ သိမ်းဆည်းခဲ့ပါသည်။


 တောအုပ်ကြီး ဦးကျော်ဇောမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ၁၆.၉.၂၀၁၆ ရက်နေ့ နေ့လည် ၀၁.၅၀ အချိန်တွင် သာပေါင်းမြို့မရဲစခန်း(ပ) ၅၉/၂၀၁၆၊ ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :