ထိုင်းနိုင်ငံက အကြီးဆုံး ဆိုးဆေးစက်ရုံကြီးမီးလောင်
Breaking news on 17-9-2016
ထိုင်းနိုင်ငံ စမုပကမ်ခရိုင် ဘန့် ပီမြို့ နယ်က သင်္ဘောဆေး ထုတ်လုပ်နေတဲ့ အကြီးဆုံး စက်ရုံကြီး UR Chemical .co.ltd အတွင်း စက်တင်ဘာလ(၁၇)ရက်နေ့ ယနေ့ ညနေ လေးနာရီက စတင်မီးလောင်နေရာမှာ ည၇နာရီကျော်တဲ့အထိ မီးငြိမ်းသတ်နေရကြောင်း သိရပါတယ်။
စက်ရုံတွင်းမှာ အလွယ်တကူပေါက်ကွဲစေနိုင်တဲ့ မီးဖိုတွေ ဓါတ်ငွေ့ အရည် (ဂါလံပေါင်း နှစ်သိန်း) တွေ သိုလှောင်ထားတာကြောင့် ဆက်တိုက်မီးလောင်ပေါက်ကွဲ မှုတွေ ဖြစ်နေခဲ့ပါတယ်။
ဆယ်ဧကကျယ်ဝန်းတဲ့ မြေနေရာမှာ တည်ဆောက်ထားတဲ့ ကုန်လှောင်ရုံကြီးတွေ ထက်ဝက်လောက်မီးလောင်ခဲ့ပြီး ဆုံရုံးမှု တန်ဘိုး ဘတ်ငွေ သန်း (၅၀၀)ကျော်တယ်လို့  သတင်းတွေ မှာ ဖေါ်ပြနေပါတယ်။
စက်ရုံတွင်းကအလုပ်သမားတွေ ကိုအချိန်မှီ ရွေ့ ပြောင်းပြေးနိုင်ခဲ့ပြီး (၃)ဦးသာ ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။
Social Action for Women - SAW
Labels
နိုင်ငံတကာသတင်း



Post A Comment
No comments :