နယူးယောက် ပေါက်ကွဲမှု လူ ၂၉ ဦး ဒဏ်ရာရ၊ အကြမ်းဖက်မှုနှင့် ချိတ်ဆက်ခြင်း မတွေ့ရဟုဆို

နယူးယောက် မြို့တော်ဝန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)
    နယူးယောက်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ချဲလ်ဆီးလ်ရပ်ကွက် မန်ဟတ်တန်လမ်း အနီးတဝိုက်တွင် စက်တင်ဘာလ ၁၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်ခြင်း မတွေ့ရကြောင်း မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယင်း ပေါက်ကွဲမှုသည် လျှပ်စစ်ပစ္စည်းများ စွန့်ပစ်သည့် အမှိုက်ပုံးအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကနဦး ယူဆရသော်လည်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း နယူးယောက် မီးသတ်ဋ္ဌာနက ဆိုသည်။
နယူးယောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ သမ္မတ ဘားရတ် အိုဘားမားက အကျဉ်းချုပ် ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ဖော်ပြခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာ၌ လုံခြုံရေး ယူထားစဉ် (ဓာတ်ပုံ-အင်တာနက်)
ယင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ နယူးယောက် မြို့တော်ဝန်က စက်တင်ဘာလ ၁၇ ရက် ဒေသစံတော်ချိန် ညသန်းခေါင်ယံ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

(Xinhua)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :