ပေါင်တံကြီးတဲ့သူတွေမှာပဲရရှိနိုင်တဲ့ အကျိုးကျေးဇူးများ


ပေါင်တံ သွယ်သွယ်လေးနဲ့ စူပါ မော်ဒယ်လ် ခန္ဓာကိုယ် လေးတွေဟာ ဘာဝတ်ဝတ် လှပပြီး စတိုင်လ်ကျနေ တာမို့ အားကျ ချင်စရာပါ။

ဒီနေရာမှာ ပေါင်တံကြီးတဲ့ သူတွေ အတွက် စိတ်အား မငယ်မယ့် သတင်းကောင်း တစ်ခု ရှိပါတယ်။ သင့်ရဲ့ ပေါင်တံ ကြီးတွေက သင့်ကျန်းမာရေးကို ကာကွယ်မှု ပေးနိုင်ပါတယ်။

 ဒိန်းမတ် သုတေသီ များရဲ့ လေ့လာချက် တစ်ခုအရ ပေါင်တံသေးသွယ် သူများဟာ နှလုံး ရောဂါခံစား နိုင်ရခြေနှင့် အရွယ်မတိုင်မီ သေဆုံးမီ သေဆုံးနိုင်ခြေ မြင့်မား နေကြတာကို တွေ့ရှိခဲ့ကြပါတယ်။

 ဩစတြေးလျ လူမျိုး သုတေသီများက ထပ်မံ တွေ့ရှိ ထားတာကတော့ ပေါင်တံကြီး ခြင်းဟာ ဇီဝရုပ် ဖြစ်ပျက်မှု ပိုမို ကောင်းမွန်ခြင်းဟု ဆိုလိုပြီး ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ နည်းပါး ကြတယ်လို့ သိရှိရပါတယ်။ ဒီလောက် ဆိုရင်တော့ ကြီးမားတဲ့ ပေါင်တံတွေကို ကျေးဇူးတင်ရတော့မှာပါ။

( Beauty Syh )
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :