ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ် သုံးဦးဒဏ်ရာရ
နေပြည်တော် အောက်တိုဘာ ၁၉
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အမှတ် (၃) လမ်းဆုံ ရဲစခန်းအပိုင် မိုင်တိုင်အမှတ်-၉/၅နှင့်၉/၆တွင် ယနေ့မွန်းလွဲ (၂) နာရီခွဲတွင် ယာဉ်နှစ်စီးမတော်တဆမှု ဖြစ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးဇော်မင်းသိန်း မောင်းနှင် လာသော STAREX မော်တော်ယာဉ်သည် စက်ချိုယွင်းနေသဖြင့် ယာဉ်မောင်းတင်ကြည် မောင်းနှင်လာသော လိုက်ထရပ်ယာဉ်မှ ကြိုးဖြင့်ဆွဲလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တက်ရောက် တိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦး ပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ စခန်းမှသိရသည်။
ထိုကဲ့သို့ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်အမြန်နှုန်း ကျော်လွန်မောင်းနှင် သော မော်တော်ယာဉ်များကို အမြန်နှုန်းတိုင်းတာသော ကရိယာများတိုင်းတာ၍ ဖမ်းဆီးလျှက်ရှိရာ ယနေ့တွင် (၂၀၁) မိုင် နေပြည်တော်တိုးဂိတ်တွင် ဒုတိယရဲမှုးကြီးစိုးမြင့်ဦး ဦးစီး၍လည်းကောင်း မော်တော်ယာဉ် (၂၈) စီးကို ဖမ်းဆီးခဲ့ပြီး အမှတ် (၃) လမ်းဆုံတွင် ရဲမှုးရန်နောင်ဝင်း ဦးစီး၍လည်းကောင်း မော်တော်ယာဉ် (၂၇) စီးကို လည်းကောင်း ဖမ်းဆီးခဲ၍ ယနေ့တွင် စုစုပေါင်း ၅၅ စီးဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
သို့ပါ၍ စတင်ဖမ်းဆီးသော စက်တင်ဘာ (၁) ရက်မှ ယနေ့အထိ စုစုပေါင်းမော်တော်ယာဉ် (၅၈၀) စီး ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်သည်။
MOI Webportal Myanmar
Labels
ပြည်တွင်းသတင်း



Post A Comment
No comments :