ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို နိုဝင်ဘာလတွင် သွားရောက်ရန်စီစဉ်နေ
![]() |
| ပြီးခဲ့တဲ့ စက်တင်လာ (၇)ရက်နေ့ က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E.Mr. Shinzo Abe တို့ တွေ့ဆုံစဉ်။ |
ကျွန်တော်တို့ဂျပန်နိုင်ငံကို နိုဝင်ဘာလမှာ သွားရောက်ဖို့စီစဉ်နေပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံအကြား အစီအစဉ်တွေကတော့ ကနဦးအဆင့်မှာပဲ ရှိပါသေးတယ်။ ဂျပန်ကိုသွားရောက်မယ့်နေ့ကိုတော့ အတိအကျသတ်မှတ်ထားခြင်းမရှိသေးဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ကျိုဒိုသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို လာမယ့် အောက်တိုဘာလလယ်မှာ ဒေသတွင်းထိပ်သီးညီလာခံတက်ရောက်ဖို့ကိုလည်း စီစဉ်ထားတယ်လို့ နစ်ကီအေးရှန်းရက်ဗျူးသတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းကို Central News Bureau ရဲ့ နိုင်ငံတကာသတင်းဌာနက ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
Labels
ပြည်တွင်းသတင်း

Post A Comment
No comments :