တွံတေး၌ ဆိုင်ကယ်လုယက်မှုဖြစ်ပွား


တွံတေး စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ နယ်နှင့် ဒလမြို့နယ်အစပ်ရှိ အုန်းပင် ချောင်းတံတားပေါ်တွင် စက်တင်ဘာ ၁၂ ရက် နံနက် ဝဝးဝ၅ နာရီတွင် ဆိုင်ကယ်ပျက်ချင်ယောင်ဆောင်၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးသိန်းနိုင် ကျန်စစ်သား ရပ်ကွက် ဒလမြို့နယ်နေသူမှာ တွံတေး မြို့နယ် ပျော်ဘွယ်လေးကျေးရွာသို့ ဆိုင်ကယ်ကယ်ရီပို့ပြီးအပြန် အုန်းပင် ချောင်းတံတားပေါ်တွင် လူငယ်သုံးဦး က ဆိုင်ကယ်ချိန်းပျက်သဖြင့် ခဏ ရပ်ပေးရန်တားရာ ဆိုင်ကယ်ရပ်လျှင် ရပ်ချင်း ၄င်းတို့သုံးဦးက တွန်းလှဲပြီး Suzuki smart အမျိုးအစား ယာဉ်အမှတ် ၂ဝယ/----- အား လုယူ၍ တွံတေးဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သတင်းရရှိ သဖြင့် ဘုရားငုတ္တို လမ်းဆုံရဲကင်းတွင် ကင်းစစ်ဆေးရန်ရောက်ရှိနေသည့် တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင် ရွှေ၊ စခန်းမှူး ဒုရဲမှူး ကျော်နိုင်စိုးတို့ ဦးဆောင်သောအဖွဲ့သည် သတင်းရ လျှင်ရချင်း ကော့မှူးရဲတပ်ဖွဲ့မှူး အဖွဲ့ ဖြင့် တရားခံပုံသဏ္ဌာန်၊ ဆိုင်ကယ် အမျိုးအစား ပေးပို့ချိတ်ဆက်၍ လိုက်လံဖမ်းဆီးရာ ကော့မှူး-ကွမ်းခြံ ကုန်းလမ်းပေါ်တွင် ကော့မှူး ပိတ်ဆို့ ရှာဖွေရေးရဲတပ်ဖွဲ့၏ အကူအညီဖြင့် ၄င်းတို့သုံးဦးကို သက်သေဆိုင်ကယ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်လုယက်မှု ကျူးလွန်သူ စိုးမိုးအောင်(၁၉)နှစ် ကျန်စစ်သား ရပ်ကွက် ဒလမြို့၊ နေလင်းအောင်(၁၉) နှစ် မြို့မ(၄)ရပ်ကွက် ဒလမြို့၊ ကျော်ဆန်းဝင်း(၁၉)နှစ် မြို့မ(၄) ရပ်ကွက် ဒလမြို့နေသူတို့အား တွံတေးမြို့မရဲစခန်းက (ပ)၅၃၃/ ၂ဝ၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ ဖြင့် အရေးယူထားကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)
The Mirror Daily
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :