တည်းခိုခန်းတွင် တည်းခိုနေသူ အမျိုးသမီးတစ်ဦး ကြိုဆွဲချသေဆုံး


စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့် က တနင်္သာရီတိုင်း ဒေသကြီး ကော့ သောင်းမြို့  ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံဗဟိုလမ်း ရှိ ကောင်းလှိုင် တည်းခိုခန်း အခန်းအမှတ် ၁၄ တွင် တည်းခိုနေသူ အမျိုးသမီးတစ်ဦး ကြိုဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 တည်းခို ခန်း မှတ်တမ်းများအရ မဆောင်းနှင်းဖြူ ၁၉ နှစ် (ဘ)ဦးထွန်းဝင်း ကြောင်ငယ် ရပ် မြိတ်မြို့နေသူ သည် ကုတင်ခေါင်းရင်းရှိ ပြူတင်း ပေါက်တွင် တပ်ထားသော သံဇကာ၏ အောက်ဖက် သစ်သား ဘောင်တွင် လျှပ်စစ်မီးကြိုးဖြင့်ချည်ပြီး နံရံပြူတင်း ပေါက်ဖက်သို့မျက်နှာမူ၍ မှောက်လျှက် လျှောချ အနေအထား ဖြင့် ကြိုးဆွဲချ သေဆုံးနေပြီး ပြူတင်း ဘောက်သံဇကာ၏ သစ်သားဘောင်မှ ကြမ်းပြင် အထိ ၃ ပေ ၆ လက်မခန့်သာရှိကာ ခါးအထက် ပိုင်းမှာနံရံအားမျက်နှာမူလျှက်ကပ်ထားပြီး ခါးအောက်ပိုင်းမှာ ကုတင်အောက်သို့လျှောကျ လျှက်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရ ပါသည်။

တည်းခိုခန်းအတွင်း ပစ္စည်းတင်ခုံပေါ်မှ ဗလာစာအုပ်ဖြင့်" အောင်ကိုမင်း အား အချစ်ရဆုံး ဖြစ်ကြောင်း၊ ကို့အနားမှာ လိပ်ပြာအဖြစ် အမြဲရှိနေ မယ်" ဟု ရေးသားထားသည့် စာအုပ် တစ်အုပ်နှင့် အခြား ပစ္စည်းများ ခန္တာကိုယ်မှ တစ်ထောင်ကျပ်တန် ၂ ရွက် ရွှေရည်စိမ်နားဆွဲ တစ်ရံတို့ အားလည်း စစ်ဆေး တွေရှိ ခဲ့ရပြီး ၄င်းသေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း/တစ်ဦး တစ်ယောက်၏ ပယောဂ ကြောင့် သေဆုံး ဟုတ်/မဟုတ် အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း သိရှိရပါသည်။

 Aung Zaw Min Tun
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :