ကလေးမြို့  နတ်တံခါးချောင်းတွင် နှစ် လောင်းပြိုင်တွေ့ရှိ


စက်တင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီ ပတ်ဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အနာက်မြောက်ဘက်၊ နတ်တံခါးချေင်းအတွင်းတွင် လူသေလောင်း နှစ်လောင်း မျောလာသည်ကို အနီးအနားရှိ မင်းလှကျေးရွာများမှ တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

ယခုအခါတွင် အလောင်းများအား ကလေးမြို့ ပြည်သူ့ဆေးရုံတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးလျက်ရှိသည်ဟုလည်း သိရသည်။

ဤအကြောင်းအရာများနှင့် စပ်လျဉ်း၍ အလောင်းများအား ကလေးမြို့ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ရာတွင် ပါဝင်သူ တဦးဖြစ်သော ကိုမာန်ခုပ်မှ... "အမျိုးသားက အသက် ၅၀ ၀န်းကျင်လောက် ဖြစ်မယ်၊ အမျိုးသမီးကတော့ အသက် ၄၀ ၀န်းကျင်လောက် ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ နှစ်ဦးစလုံးက နဖူးမှာ ကိုယ်စီဒဏ်ရာရနေကြတယ်။ ဒဏ်ရာရပုံချင်းက အတူတူပဲဗျ။ ပြီးတော့ တခြားနေရာတွေမှာတော့ အပေါ်ယံကြည့်တာတော့ ဒဏ်ရာမတွေ့ဘူး" ဟုပြောသည်။

Salai C Lian
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :