ဆင်ကိုပစ်ခတ်သတ်ဖြတ်သူအား ဂွရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးအရေးယူ


ရန်ကုန် စက်တင်ဘာ ၁ဝ

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ဂွ-ငသိုင်းချောင်းကားလမ်းနံဘေး မိုင်တိုင်အမှတ်(၃၈/ဝ) ဒေသအခေါ် (၁၁)မိုင်အနီး ငထွေ ချောင်းဖျားတွင် တောဆင်ရိုင်းတစ်ကောင် သေဆုံးနေကြောင်း ရခိုင်ရိုးမဆင်ဘေးမဲ့အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၏ သတင်းပေး ချက်အရ မြို့နယ်ရဲစခန်းမှူး ဒုရဲမှူး မြင့်ဌေး ဦးစီးရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ခဲ့ရာ ဆင်ပစ်ခတ်ဖမ်းဆီးသူအား ဖမ်းဆီး နိုင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ယခင်ဖမ်းဆီးသတ်ဖြတ်ထား သော တောဆင်ရိုင်းအရိုးစုတို့ကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့၍ စက်တင်ဘာ ၉ ရက်က ရုံးတင်တရားစွဲဆိုထားကြောင်း ဂွမြို့မရဲစခန်းမှ သိရသည်။

ရခိုင်ရိုးမ ဆင်ဘေးမဲ့အုပ်ချုပ်ရေးမှူး၏ သတင်း ပေးချက်အရ သြဂုတ် ၄ ရက်က ဂွမြို့နယ် ရဲစခန်းက အမှုဖွင့်၍ တောဆင်ရိုင်းများ ပစ်ခတ်ဖမ်းဆီးနေသော မုဆိုးများကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မောင်မောင်စိုး၏ ကြီးကြပ်မှုဖြင့် ဂွမြို့နယ်စခန်းမှူး ဒုရဲမှူး မြင့်ဌေးနှင့်ရဲတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်ခဲ့ရာ ဂွမြို့နယ် ပေါက်တူးကျေးရွာအုပ်စု ဥမင်ဝကျေးရွာနေ မြင့်နိုင်(ခ)ငနိုင်(၄၅ နှစ်) နှင့် ဓနိကျေးရွာအုပ်စု ကုလားချောင်းကျေးရွာနေ လှကြိုင်(၃၃ နှစ်)တို့ နှစ်ဦးအား တူမီးသေနတ်နှစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကုလားချောင်းကျေးရွာမှ သန်းမြင့်(၅၉နှစ်)မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဇူလိုင်လ တတိယပတ်ကလည်း မြင့်နိုင်(ခ)ငနိုင်နှင့် လှကြိုင် တို့မှာ သန်းမြင့်တို့အဖွဲ့နှင့်ပူးပေါင်းကာ ပေါက်တူးကျေးရွာအုပ်စု သံက္ကတ-လိပ်ပုတ်ချောင်းအတွင်း တောဆင်ရိုင်းတစ်ကောင် ကို သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ၍ သွားရောက်စစ်ဆေး ရာ ချောင်းရိုးအတွင်း သတ်ဖြတ်ခံထားရသည့် ဆင်ရိုင်း အရိုးစုကို တွေ့ရှိခဲ့ရသည်။ ထွက်ပြေးတိမ်းရှောင်သူ သန်းမြင့် နှင့်အတူ ဆင်သားရေနှင့် အစွယ်တို့အားဝယ်ယူပြီး ထွက်ပြေး တိမ်းရှောင်နေသော မောင်မောင်ရွှေ(၄၅ နှစ်) ဂွမြို့နယ် ရတနာမြိုင်ကျေးရွာနေ ၄င်းတို့နှစ်ဦးအား တရားရုံး၌ အမှု ဖွင့်အရေးယူထားကြောင်းနှင့် တူမီးသေနတ်နှင့်အတူ ဖမ်းဆီးရမိသော တောဆင်ရိုင်းသတ်ဖြတ်သူ နှစ်ဦးကိုလည်း ဂွမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Myanmaalinn
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :