မုန်းဒေသတွင် တရားဝင်ဆေးကုသမှု လိုင်စင်မရှိဘဲ ဆေးကုသရာမှ လူသေဆုံးသဖြင့် အမှုဖွင့် အရေးယူ


၂၀၁၆ ခုနှစ် စက်တင်ဘာ(၁၄) ရက်နေ့ နံနက်(၁၀) နာရီအချိန်ခန့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသတွင် တရားဝင်ဆေးကုသမှု လိုင်စင်မရှိဘဲ ဆေးကုသရာမှ လူသေဆုံးသဖြင့် အမှုဖွင့် အရေးယူမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။


 ကျောက်ကြီးမြို့နယ် မုန်းကျေးရွာအုပ်စု နောင်ချိုကျေးရွာနေ ဦးဖိုးသိန်း(ခ)ဦးရာမူးတော သည် ညီမဖြစ်သူ မဘူသမီး နှင့်အတူ ယောက်ဖတော်စပ်သူ ပန်ဒေး(ခ) လာလူး ၃၅ နှစ် (ဘ) ဦးဂျာကတီး နောင်ချိုကျေးရွာနေသူသည် ဝမ်းဘိုက်အောင့်ရောဂါခံစားနေရသဖြင့် ယခင် မကြာခဏ ဆေးထိုးဖူးသည့် မုန်းမြို့(၂)ရပ်ကွက်နေ ဦးနေဘုန်းနိုင်(၆၄)နှစ် (ဘ)ဦးစန်းလှ ဖွင့်ထားသည့် နေအိမ်ဆေးခန်းသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ရာ ပန်ဒေး(ခ)လာလူးအား ဦးနေဘုန်းနိုင်မှ ဆေးကုသပေးနေရင်း လူးလွန့်ကာ ဝေဒနာပြင်းထန်စွာခံစားရင်း သေဆုံးသွားခဲ့ပါသည်။


ပေါ့ဆစွာဆေးကုသ၍ လူသေဆုံးအောင် မှားယွင်းကုသသူ ဦးနေဘုန်းနိုင်အား ဥပဒေအရ အရေးယူပေးပါရန် ဦးဘိုးသိန်း(ခ)ဦးရာမူးတော မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မုန်းနယ်မြေ ရဲစခန်း မှ (ပ)၅၇/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်၍ စခန်းမှူးရဲအုပ်သန်းထိုက်ထွေး မှ အမှုအား လက်ခံစစ်ဆေးခဲ့ပါသည်။

ဦးနေဘုန်းနိုင် မှာ တရားဝင်ဆေးကုသမှု လိုင်စင်မရှိဘဲ ဆေးကုသခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုမှ တရားခံ ဦးနေဘုန်းနိုင်အား ၂၀၁၆ ခု စက်တင်ဘာ (၁၅)ရက်နေ့ ညနေ(၅) နာရီအချိန် တွင် မုန်းနယ်မြေရဲစခန်း (ပ)၅၈/၂၀၁၆ ဆေးကောင်စီဥပဒေပုဒ်မ ၅၈ အရ အမှုဖွင့် အရေးယူ စစ်ဆေး ဆောင်ရွက် နေကြောင်း သိရသည်။

Ko Than Win Ktga
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :