မုံရွာမြို့ ရွှေဇလုတ်ရပ်ကွက်တွင် ဓားထိုးမှုဖြစ်ပွား


မုံရွာ၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေဇလုတ်ရပ်ကွက်တွင် စက်တင်ဘာ ၁၂ ရက် ည ၈ နာရီအချိန်က ဓားထိုးမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှုး ရဲအုပ် ရဲအောင်က အတည်ပြုပြောကြားသည်။

ဓားထိုးခံရသူမှာ ဘယ်ဘက်ရင်အုံအောက်ဘက် ထိုးသွင်းဒဏ်ရာ၊ ၀မ်းဗိုက် ထိုးသွင်းဒဏ်ရာနှင့် လက်မောင်း လက်ဖျံ ထိုးသွင်းဒဏ်ရာ၊ (၇)ချက်ဖြင့် အခင်းဖြစ်နေရာတွင် လဲနေခဲ့သည်။ ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရဲစခန်းသို့ အကြောင်းကြားတိုင်တန်းခဲ့သည်။

ထို့ကြောင့် ထိုးသွင်ဒဏ်ရာရ လူနာအား မုံရွာပြည်သူ့ဆေးရုံကြီး အရေးပေါ်လူဌာနသို့ အချိန်မီပို့ဆောင်ခဲ့ရာ ဆေးရုံ၏ လူနာမှတ်တမ်းများအရ ဒဏ်ရာရရှိသူမှာ ရွှေဇလုတ်ရပ်ကွက်နေ ကိုဇော်ဝင်းမောင် ဆိုသူဖြစ်သည်။

ထိုသူသည် ၎င်းနှင့် ဆွေမျိုးတော်စပ်သူ တစ်ရပ်ကွက်တည်းနေ ကိုကျော်မျိုးဆိုသူနှင့် စကားများရန်ဖြစ်ရာမှ ယင်းကဲသို့ ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း လူနာ၏ ဇနီးဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုငတန်းထားကြောင်း သိရသည်။

သတင်း+ ဓာတ်ပုံ = ကိုတိုးကြီး
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :