အမြန်လမ်းတွင် လိုက်ထရပ်ကားတစ်စီး တိမ်းမှောက်(၁ )ဦးသေ(၁ ) ဦးဒဏ်ရာရ


နေပြည်တော်၊ စက်တင်ဘာ ၁၁

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၆၅/၁ ) နှင့် (၂၆၅/၂ ) ကြားတွင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ် က ယာဉ်မောင်း လှိုင်မြင့်အောင် မောင်းနှင်လာသော လိုက်ထရပ်ကားတစ်စီး ရှေ့ဘီးပေါက်၍ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ ဦးကိုကြီးမှာ ဆေးရုံပို့စဉ် သေဆုံး သွားသည်။ ယာဉ်မောင်းမှာ ဒဏ်ရာများရရှိခဲ့သည်။ ဒဏ်ရာရရှိသော သူများအား အမြန်လမ်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင်ကားဖြင့် ညောင်ကုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။


အမြန်လမ်းတွင် ထိုကဲ့သို့ ယာဉ်တိမ်းမှောက်မှုလျော့နည်းပပျောက်ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက အရှိန်နှုန်းတိုင်း ကရိယာ များဖြင့် တိုင်းတာ၍ သတ်မှတ်အရှိန်ထက် ပိုမောင်းသော မော်တော်ယာဉ်များကို ဖမ်းဆီး အရေးယူလျှက်ရှိရာ ယနေ့နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်(၃၅)စီးအား ဖမ်းဆီးအရေးယူခဲ့ပြီး ယာဉ်မောင်း များကိုယ်တိုင် ဇဗ္မူသီရိ မော်တော်ယာဉ်တရားရုံးသို့ ဒဏ်ငွေဆောင်ခြင်း ဖြင့် အပြစ်ပေးအရေး ယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :