သီပေါမင်း နတ်ရွာစံ နှစ်(၁၀၀)ပြည့်ပွဲ ရတနာဂီရိတွင် ပြုလုပ်မည်

မြန်မာသမိုင်း၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း၏ နတ်ရွာစံနှစ်(၁၀၀)ပြည့် ပွဲကို အိန္ဒိယနိုင်ငံ ရတနာဂီရိတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သီပေါမင်း နတ်ရွာစံသက် နှစ်(၁၀၀)ပြည့်ကို ယခုနှစ် ဒီဇင် ဘာ ၁၆ ရက်တွင် ရတနာဂီရိ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆွေတော်မျိုးတော်များနှင့် အိန္ဒိယနိုင်ငံဘက် ကလည်း ပူးပေါင်းပါဝင်မည်ဖြစ် ကြောင်း သီပေါမင်း၏မြစ်တော် စပ်သူ ဦးစိုးဝင်းကပြောသည်။

‘‘ရာပြည့်ပွဲက ဒီတစ်ခါပဲ ဦး တို့တွေ ကြုံရမှာဖြစ်တယ်။ ကိုယ့် ရဲ့ဘုရင်က တိုင်းတစ်ပါးရဲ့ ဖမ်း ဆီးခံရပြီး တိုင်းတစ်ပါးမှာပဲ နတ် ရွာစံခဲ့ရတယ်။ မြန်မာရဲ့ နောက် ဆုံးဘုရင်ဖြစ်တဲ့အတွက် အနွယ် တော်တွေ သွားရောက်ပြီး ကန် တော့ရခြင်း ဖြစ်တယ်’’ဟု ဦးစိုးဝင်းက ပြောသည်။

ရတနာဂီရိတွင် ကျင်းပပြု လုပ်မည့် သီပေါမင်းနတ်ရွာစံသက်နှစ်(၁၀၀)ပြည့်ပွဲကို မြန်မာနိုင်ငံ မှ ဗန်းမော်ဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ မြကျောက်ဆရာ တော်ကြီးနှင့် သတ္တမဏ္ဍိုင် ဆရာ တော်ကြီးတို့ပါလိုက်ပါ၍ သရဏ ဂုံတင်မည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလိပ်တို့က သီပေါမင်းကို အိန္ဒိယနိုင်ငံသို့ ၁၈၈၅ တွင် ဖမ်း ဆီးခေါ်ဆောင်သွားပြီးနောက် ၁၉၁၆ ဒီဇင်ဘာ ၁၆ ရက်တွင် ရတနာဂီရိ၌ နတ်ရွာစံခဲ့သည်။

သီပေါမင်း၏ ပါတော်မူနေ့ အောက်မေ့ဖွယ်အခမ်းအနား (၁၃၁)နှစ်မြောက်ကိုလည်း လာမည့်နိုဝင်ဘာ ၂၂ ရက်တွင် မန္တလေး နန်းတွင်း၌ ကျင်းပမည် ဖြစ်သည်။
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :