ကလေးမြို့ဆေးရုံမှ ဆရာဝန်မတစ်ဦး ပိုက်ဆံအိတ် အလုခံရ


မုံရွာ၊ စက်တင်ဘာ ၁၀။

ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်မတစ်ဦးသည် သူငယ်ချင်းဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် မိဘမဲ့ဂေဟာသို့သွားစဉ် ဆိုင်ကယ်ရှေ့ခြင်းထဲမှ ပို်က်ဆံအိတ်လုယက် ခံခဲ့ရကြောင်း ကလေးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

စက်တင်ဘာ ၉ရက်နေ့၊ နေ့လည် ၁၂နာရီခွဲအချိန်တွင် ကလေးမြို့ဆေးရုံမှ ဒေါက်တာဒေါ် ----- (၂၆)နှစ်သည် သည် သူငယ်ချင်းဆရာဝန်မနှင့်အတူ အေးရိပ်မွန်မိဘမဲ့ဂေဟာသို့သွားစဉ် ချမ်းမြေ့အောင်စည်ရပ်ကွက်၊ အစိုးရသစ်စက်အနီး အရောက် ဆိုင်ကယ်တစ်စင်းဖြင့် လူနှစ်ယောက်သည် ရောက်လာပြီး ရှေ့ခြင်းထဲမှ ပိုက်ဆံအိတ်ကို လုယူ ထွက်ပြေး သွားသဖြင့် ဆိုင်ကယ်ဖြင့်နောက်မှ ထပ်ကြပ်မကွာ လိုက်ခဲ့သည်။
၎င်းနောက်ပတ်ဝန်းကျင်သို့ အော်ဟစ် အကူညီတောင်းရာ ပိုက်ဆံအိတ်လုသွားသူနှစ်ဦအား ကျောင်းတိုက်ရွာ၌ ဖမ်းမိခဲ့သည်။

ပိုက်ဆံအိတ်လုသူနှစ်ဦးမှာ ကလေးမြို့သာစည် ရွာနှင့်ရွှေဘိုမြို့နေသူတို့ဖြစ်ပြီး အိတ်အတွင်းမှ ဖုန်းသုံးလုံး၊ ငွေတစ်သောင်းနှစ်ထောင်ကျပ်တို့ကို တွေ့ရပြီး ၄င်းတို့ဆိုင်ကယ်တူးလ်ဘောက်ထဲတွင် ဓားမြှောင်တစ်လက်ကိုပါ တွေ့ခဲ့ရသည်။

၎င်းတို့ကို ကလေးမြို့မရဲစခန်းမှ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဟိန်းလင်းသန့်
ဓာတ်ပုံ-စည်သူထွန်း
Central News Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :