ခင်ဦးမြို့နယ်၌ မိမိကိုယ်ကိုမိမိ ဓါး(၁၀)ချက်ထိုး၍ သေကြောင်းကြံစီမှု တစ်ခုဖြစ်ပွား


ချစ်စံ(စက်တင်ဘာ-၁၈)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာ၌ စက်တင်ဘာ(၁၈)ရက်နေ့ နေ့(၁၀)နာရီ(၄၅)မိနစ်ခန့်က မိမိကိုယ်ကိုမိမိ သေကြောင်းကြံစည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ(၁၈.၉.၂၀၁၆)ရက်နေ့ နေ့(၁၀)နာရီ(၄၅)မိနစ်ခန့်က ရဲအုပ်သီဟသည် ကုန်းကြီးရဲစခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ရွက်နေစဉ် ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာနေ ဦးချစ်အေးမှ အမည်မသိလူတစ်ဦးမှာ မိမိကိုယ်ကိုမိမိ ဓါးနှင့်ထိုး၍ ဒဏ်ရာများရရှိနေကြောင်း အကြောင်းကြားလာပါသည်။

ကုန်းကြီးရဲစခန်းမှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာ၏ အနောက်မြောက်ဘက်ရှိ တစ်မိုင်ခန့်အကွာ ဦးကျော်အေး၏ ပဲစိမ်းငုံစိုက်ခင်းတွင် မြို့သစ်ကျေးရွာနေ(ဘ)ဦးတင်မြင့်၏သား ထွေးမင်းငယ်(၂၁)နှစ်သည် အရိုးအသွား(၁၂)လက်မခန့်ရှိ ဓါးဦးချွန်းဖြင့် မိမိကိုယ်ကိုမိမိ ယာဘက်ဝမ်းဗိုက်(၃)ချက်၊ ယာဘက်ရင်အုံ(၂)ချက်၊ ဝဲဘက်ရင်အုံ(၅)ချက် ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ ရသည်။

အဆိုပါ သေကြောင်းကြံစီသူအား ခင်ဦးပြည်သူ့ဆေးရုံမှ သုခစေတနာ(နာရေးကူညီမှု့)အသင်းကားဖြင့် သယ်ဆောင်၍ ရွှေဘိုပြည်သူ့ဆေးရုံသို့ ပို့ ဆောင် ဆေးကုသမှု ခံယူလျက်ရှိနေကြောင်း သိရှိရသည်။


၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ဦးမြို့မစခန်းမှ(ပ)၃၃၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ-၃၀၉ ဖြင့် ထွေးမင်းငယ်(၂၁)နှစ်(ဘ)ဦးတင်မြင့် မြို့သစ်ကျေးရွာ ခင်ဦးမြို့နယ်နေသူအား အမှု့ဖွင့် အရေးယူဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)


Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :