ပီချောင်းတွင် ကလေး၅ဦး မိခင်တစ်ဦး ရေနစ်သေဆုံး၊ အလောင်းရှာမတွေ့သေး


စက်တင်ဘာ ၁၈

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းအရပ်၊ ခဝဲအုပ်စု၊ ကက္ကူးရွာမှ ဦးလွန်းပ၏ ဇနီး ဒေါ်..... (အသက်-၄၅)သည် အပေါင်းအဖော် ၇ဦးနှင့်အတူ ရွာမှ ခဝဲရွာသို့ ဈေးဝယ်ရန်လာရာလမ်း ရေစီးသန်သော နေရာတွင် စက်လှေမှောက်ပြီး ရေနစ်ပျောက်ဆုံးသွား ခဲ့ကြောင်း သတင်းရရှိသည်။

"စက်လှေမှောက်တော့ သူ့ကို ရှာမတွေ့တော့ဘူး။ ကျန်တဲ့သူတွေက ဘာမှမဖြစ်ပါဘူး" ဟု ခဝဲရွာသားတစ်ဦးကပြောသည်။

စက်တင်ဘာလ (၁၈)ရက်နေ့ ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် ခဝဲသို့ ဈေးဝယ်ရန်အသွားလမ်း ရေစီးသန်သော လမ်းခုလက်တစ်နေရာတွင် စက်လှေမှောက်သွားပြီး ဦးလွန်းပ၏ ဇနီးမှာ ထိုနေရာမှာပင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ အလောင်းကို ရပ်နီးရှိရွာမှ ပူးပေါင်းရှာဖွေသော်လည်း ယခုညနေ ၈း၃၀နာရီအထိ ပြန်မတွေ့သေးဟု သိရသည်။

၎င်းသည် ကလေး ၅ ယောက်၏ မိခင်ဟု သိရသည်။

Khumi Media Group -ခူမီးမီဒီယာ
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :