ရန်ကုန်မြို့လယ်ခေါင် ၃၅ လမ်းတွင် နေ့ခင်းကြောင်တောင် အနူကြမ်းစီးမှုဖြစ်ပွား
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအလယ်ဘလောက်ရှိ တိုက်အမှတ် ၁၇၂ - ၄ လွှာရှိ နေအိမ်သို့ ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့ ၁၂ နာရီဝန်းကျင်က နေအိမ်ပေါ်တက်ခါ အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ရသည်။
" ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အသေးစိတ်မသိရသေးဘူး။ နေအိမ်မှာကသားအမိနှစ်ယောက်တည်းနေတာလို့သိရတယ်။ အဘွားကြီး ကတော်တော်အသက်ကြီးနေပြီ။ အိမ်ပေါ်တက်လာတဲ့သူက လူငယ်ပဲ။ တံခါးလည်းသူတို့ ဖွင့်ပေးတာလို့ သိရတယ်။ အဘွားကြီးတော့ ဒဏ်ရာရရှိသွားတယ်။အဲဒီအချိန်မှာ ပတ်ဝန်းကျင် အကူအညီတောင်းတော့ ဒီလူက နောက်ဖေးလမ်းကြားဖက်ကို ထွက်သွား လမ်းထဲကလူတွေဝိုင်းဖမ်းတာမိသွားတယ်။အိမ်ပေါ်တက်တဲ့ လူကော၊အဘွားကိုရော ရဲတပ်ဖွဲ့က ဆေးရုံခေါ်သွားတယ် ဟု ကျောက်တံတားမြို့နယ် အမှတ် (၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels
ပြည်တွင်းသတင်း




Post A Comment
No comments :