အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ ရထား ဘူတာရုံတွင် ပေါက်ကွဲမှု ဖြစ်ပွား

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဘူတာရုံ အနီးတဝိုက်တွင် ရဲများက လုံခြုံရေး ယူနေစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ ရထား ဘူတာရုံ တစ်ခုတွင် ပေါက်ကွဲစေနိုင်သော ပစ္စည်း ပါဝင်ကြောင်း သံသယရှိသည့် အထုပ်တစ်ထုပ်အား စက်တင်ဘာလ ၁၉ ရက်က တွေ့ရှိခဲ့ရာ ၎င်းအား စစ်ဆေးနေစဉ် ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်း မီဒီယာက တင်ပြထားသည်။

စက်တင်ဘာလ ၁၉ ရက် အစောပိုင်းက အဲလိဇဘတ် ဘူတာရုံ၌ ပေါက်ကွဲသံအား ကျယ်လောင်စွာ ကြားခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့သည် သံသယရှိ ကျောပိုးအိတ် တွေ့ရှိခဲ့ရာ ရထားလမ်း အနီး၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

ဗုံးရှင်းလင်းရေး စက်ရုပ်က ကျောပိုးအိတ်အား စစ်ဆေးပြီး ပေါက်ကွဲစေမည့် ကိရိယာအား ဖြတ်တောက်နေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ဗုံးသည် လူအများအပြားအား ဒဏ်ရာရရစေနိုင်သည့် ပိုက် ဗုံး အမျိုးအစား ဖြစ်ကြောင်း အဲလိဇဘတ် မြို့တော်ဝန် ခရစ္စတင်း ဘိုလ်ဝေ့ခ်ျက အတည်ပြု ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုအား စစ်ဆေးနေစဉ်အတွင်း Newark ပြည်နယ် Liberty လေဆိပ်နှင့် အဲလိဇဘတ်ပြည်နယ် အကြား ရထားခရီးစဉ်အား ဆိုင်းငံ့ထားမည် ဖြစ်သည်။

(Xinhua)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :