မူးယစ်ပြဿ နာ ဖြေရှင်းဖို့ အချိန်ထပ်လိုကြောင်း ဖိလစ်ပိုင်သမ္မတပြော
![]() |
| သမ္မတ Rodrigo Duterte |
ဒီပြဿနာ အတွက် သူကတိပေးထားတဲ့ ကာလကို နောက်ထပ် ၆ လလောက် ထပ်ပြီး တိုးဖို့ လိုမယ်လို့ သမ္မတ Duterte က တနင်္ဂနွေနေ့ ညနေပိုင်းမှာ ပြောကြားလိုက်တာပါ။ ဒီကိစ္စမှာ အစိုးရအရာရှိတွေ အပါအဝင် လူအတော်များများ ပါဝင် ပါတ်သက်နေတာမို့ ဒီရာဇဝတ်မှုနဲ့ ပါတ်သက်နေသူတွေကို သူက သတ်ပစ်ချင်ရင်တောင် အားလုံးကို သတ်မပစ်နိုင်ဖူးလို့လည်း ပြောပါတယ်။
ဇွန်လမှာ သမ္မတရာထူး စတင်တာဝန်ယူခဲ့ချိန်ကစပြီး သမ္မတ Duterte ရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ဆောင်မှုကြောင့် မူးယစ်ဆေး ရောင်းဝယ်သူတွေ မှောင်ခိုခိုးထုတ် ခိုးသွင်းသူတွေ လို့ သံသယ ရှိသူပေါင်း သုံးထောင်ကျော် အသတ်ခံခဲ့ရပါတယ်။
အခုလို အများအပြား အသတ်ခံနေရတာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Barack Obama၊ ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့တွေက စိုးရိမ်စိတ်ပူကြောင်း ထုတ်ဖေါ်ပြောဆိုနေကြတာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
Labels
နိုင်ငံတကာသတင်း

Post A Comment
No comments :