ပြည်မြို့ ရွှေနှင်းဆီစားသောက်ဆိုင်တွင် လူသတ်မှုဖြစ်ပွား


ပြည် စက်တင်ဘာ(၉)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့  ဝါရုံအကောက်တဲလမ်း ရွှေနှင်းဆီအရက်ဆိုင်တွင် စက်တင်ဘာ(၉)ရက်နေ့ ည(၉)နာရီအချိန်ခန့်တွင် ရန်ဖြစ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပြီး၊ အဆိုပါရန်ဖြစ်မှုကြောင့် ကိုသက်မိုး၌ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိကာ ပြည်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

အမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျုးလွန်သူ ဟန်သူဟိန်းနှင့် ပြည့်ဖြိုးထက် အား ပြည်မြို့အမှတ်(၁)ရဲစခန်းမှစခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေ ဖမ်းဆီးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :