အမြန်လမ်းတွင် အိမ်စီးကား HONDA INSIGHT ကား တိမ်းမှောက်


နေပြည်တော် စက်တင်ဘာ ၁၄

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၂၆၆/၂ နှင့် ၂၆၆/၃ အကြားတွင် နေပြည်တော်မှ မန္တလေး ဘက်သို့ ယာဉ်မောင်း ဦးခင်မောင်ဝင်း မောင်းနှင်လာသည့် အိမ်စီး ကား HONDA INSIGHT မော်တော်ယာဉ်သည် ယနေ့ညနေ (၃) နာရီကျော်က ယာဘက်နောက် ဘီးပေါက်၍ အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းကျော် တက်ကာ တစ်ဘက်ယာဉ်ကြော မြေသားပေါ် သို့ ပက်လက် အနေအထား တိမ်းမှောက်ခဲ့သည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ဇနီးမောင်နှံ(၂)ဦးအနက် ဇနီးဖြစ် သူ ဒေါ်ခင်စိုးမြင့်မှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော် တဆ မှုကြောင့် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်သူ ဦးခင်မောင်ဝင်း အား ပေလေးပင် အမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ လျော့နည်း ပပျောက်ရေးအတွက် အမြန်လမ်း ရဲတပ်ဖွဲ့မှ သတ်မှတ် အမြန်နှုန်း ကျော် လွန်မောင်းနှင်သော မော်တော် ယာဉ်များအား အမြန်နှုန်းတိုင်း ကိရိယာဖြင့် Mobile စနစ် အသုံးပြုကာ အမြန်လမ်းတစ်လျှောက် ဖမ်းဆီးဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ ဖမ်းဆီးဆောင်ရွက်ခဲ့ရာ ယမန်နေ့ စက်တင်ဘာ(၁၃)ရက်က (၃၉)စီး၊ ယနေ့တွင် (၁၇)စီး ၂ ရက်ပေါင်း (၅၆)စီး ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

သန်းဦး (လေးမျက်နှာ)
MOI Webportal Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :