NLD ပါတီ၏ ရှမ်းတောင်အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်း
(တောင်ကြီး၊ စက်တင်ဘာ ၈)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့(တောင်ပိုင်း) ဥက္ကဌ နှင့် အဖွဲ့ဝင်များကို စက်တင်ဘာ ၅ ရက်က ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူး ဦးဝင်းထိန်က လက်မှတ်ထိုး၍ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အသစ်ဖွဲ့စည်းလိုက်သည့် ရှမ်းတောင်အလုပ်အမှုဆောင်အဖွဲ့တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်(အောင်ပန်း)က ဥက္ကဌ အဖြစ် လည်းကောင်း၊ ဦးမောင်မောင်စိန်(ရပ်စောက်)၊ ဒေါ်စန်းစန်းမော်(တောင်ကြီး)၊ ဦးနေဇော်နိုင်(နမ့်စန်)၊ ဦးစိုင်းသိန်းဝင်းထွန်(တောင်ကြီး)တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်လာကြောင်း သိရသည်။
ယခင် အလုပ်အမှုဆောင်အဖွဲ့ဟောင်းတွင် ပါဝင်သည့် အဖွဲ့ဝင်များကို ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ဆောင်မှု မရှိခြင်းကြောင့်လည်းကောင်း၊ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခြင်းကြောင်းလည်းကောင်း တာဝန်မှ အနားပေးခဲ့ကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန်က ပြောကြားခဲ့သည်။
Kanbawza Tai News Journal
Labels
ပြည်တွင်းသတင်း

Post A Comment
No comments :