Spider-Man ဝတ်စုံဝတ်ပြီး ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ Tom Holland


Tom Holland က ပိတ်ကားပေါ်မှာ စူပါဟီးရိုးအဖြစ်သရုပ်ဆောင်ပြီး တကယ့်ဘဝမှာလည်း လူစွမ်းကောင်းဖြစ်ကြောင်း Atlanta မြို့က ကလေးဆေးရုံကို အိမ်နီးချင်းမိတ်ဆွေကောင်း Spider-Man အဖြစ် ဝတ်စုံဝတ်ပြီး သွားရောက်လည်ပတ်ရင်း ကလေးတွေကို သက်သေပြခဲ့ပါတယ်။

Holland နှင့် Spider-Man: Homecoming တွဲဖက်သရုပ်ဆောင် Jacob Batalon တို့က Atlanta မြို့က Egleston ကလေးဆေးရုံကို ဩဂုတ်လမှာ သွာရောက်ခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ပရိသတ်ပေါက်စလေးတွေရဲ့ တစ်နေ့တာကို ထူးခြားအောင်လုပ်ပေးခဲ့ပါတယ်။

“အားလုံးနဲ့တွေ့ရတာ အရမ်းကောင်းတဲ့ အတွေ့အကြုံပါပဲ။ မင်းတို့အားလုံးက စိတ်ကိုလှုံဆော်နိုင်သူလေးတွေပါ။ မင်းတို့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ကို လက်ခံပေးတဲ့ Egleston ကလေးဆေးရုံကို ကျေးဇူးတင်ပါတယ်။ မကြာခင်မှာ ထပ်လာချင်ပါတယ်။ လာဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်”

Batalon ကလည်း “ဒီနေ့ ကလေးတွေနဲ့တွေ့ရတာ ဝမ်းသာစရာပါ။ သူတို့က ကျွန်တော်တို့ရဲ့ စိတ်ကိုလှုံဆော်ပေးနိုင်ပြီးတော့ အပြုံးလေးတွေက နေမင်းကြီးထက် တောက်ပနေပါတယ်” လို့ ရေးသားပြီး ဓာတ်ပုံတွေတင်ခဲ့ပါတယ်။

( RII )
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :