မောင်တောတွင် WY စိတ်ကြွမူးယစ်ဆေးပြား သိန်း ၇၀ ပြားခန့်ကို စံချိန်တင် ထပ်မံဖမ်းဆီးရမိ


စက်တင်ဘာ ၁၉ / DMG

မူးယစ်ဆေးဝါးတွေ ဆက်တိုက် ဖမ်းဆီးရမိနေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက နေရာနှစ်နေရာကနေပြီး ဆေးပြားအရေအတွက် သိန်း ၇၀ နီးပါး ကာလတန်ဖိုး (တစ်ပြားလျင် ၂၀၀၀ နှုန်းဖြင့်) ကျပ်သန်းပေါင်း တစ်သောင်းကျော်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။


မောင်တောမြို့အဝင် သုံးမိုင် စစ်ဆေးဂိတ်အနီးရှိ ယမန်နေ့က ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးတရားခံများကို စစ်ဆေးရရှိသော ကွင်းဆက်များအရ ရှာဖွေရာ ကျောက်ကွင်းဝင်းအတွင်း အုတ်ပုံအတွင်း ဝှက်ထားသော wy စိတ်ကြွဆေးပြား အလုံးရေ ၆၂၁၃၂၀၀ ပြား(၆၂)သိန်းကျော် တွေ့ရှိခဲ့တာဖြစ်ပြီး မောင်တောမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများထဲတွင် အများဆုံးဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးမှ ပြောဆိုပါတယ်။


အလားတူ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅း၃၀ခန့်တွင် မောင်တောမြို့မ စခန်းမှူး ဒုရဲမှူး ကျော်အေးလှိုင် ဦးစီးသော ပူပေါင်းအဖွဲ့သည့် လသာရွာရှိ လျှပ်စစ်ပစ္စည်းရောင်းသော နူရူလာမိန် ၄၀-နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်းနေအိမ်ခြံဝင်းအတွင်းမှ wyစိတ်ကြွမူးယစ်ဆေး ၆သိန်း၈သောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို မောင်တောနယ်စပ်မှတဆင့် ဘင်္ဂလားဒေရှ်နိုင်ငံသို့ တင်ပို့ပြီး ယင်းမှ တဆင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့ပြီး ISIS အဖွဲ့များထံသို့ ရောင်းချမှုတွေရှိနေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က ပြောပါတယ်။

ယခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ အဓိက တရားခံတွေကို သက်ဆိုင်ရာက ရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရပါတယ်။

မြင့်မြတ်ဖြူ
Development Media Group
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :