ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်မှုနဲ့ ပတ်သက်သူ အပါအဝင် မြန်မာ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

play

ထိုင်းဧရာဝဏ်နတ်ကွန်းဗုံးပေါက်မှုနဲ့ပတ်သက်သူအပါအဝင် မြန်မာသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။ တာ့ခရိုင်မဲဆောက်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဆိုပါသုံးယောက်ထဲက တစ်ယောက်ဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဧရာဝဏ်နတ်ကွန်းဗုံးပေါက်မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိနေသူဖြစ်ကြောင်း ထိုင်းမီဒီယာ အချို့က ဖော်ပြပါတယ်။
အဆိုပါ သုံးယောက်မှာ အသက် ၃၂ နှစ်နဲ့ ၂၃ နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ တရားစွဲဆိုထားပြီး အသက် ၄၃ နှစ်အရွယ် ကျော်သီဟကိုတော့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖုံးကွယ်ဝှက်ထားမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျော်သီဟဟာ ဧရာဝဏ်နတ်ကွန်းဗုံးကွဲမှုမှာ ကျူးလွန်သူတွေကို နိုင်ငံကူးလက်မှတ်အတု လုပ်ပေးခဲ့တယ်လို့ သံသယရှိခံနေရတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဧရာဝဏ်နတ်ကွန်းဗုံးပေါက်မှုဟာ လူပေါင်း ၂၀ သေဆုံးခဲ့ပြီး ၁၂၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Photos & Source: Thai PBS

BlockAdz
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :