မြိတ်ကျွန်းစု အတွင်းရှိ ၀ဲကျွန်းသောင်ပြင်တွင် ဝေလငါးကြီးတစ်ကောင် သေဆုံးလျက် တွေ့ရှိ
မြိတ်ကျွန်းစုအတွင်း ဝေလံငါးကြီးများ လာရောက် သောင်တင်သေဆုံးသည့် ဖြစ်စဉ်များ ယခင်ကလည်း ရှိခဲ့ပြီး နာမကျန်းဖြစ်သည့် ဝေလငါးကြီးများကို မျိုးတူဝေလ ငါးအုပ်ကြီးများက ကျွန်းများပေါ်သို့ လာရောက်ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။
“ကျွန်တော်တို့ဌာနက ကျွန်းစုမြို့နယ်အဖွဲ့ အဲဒီကျွန်းကို ဆင်းသွားပါပြီ။ လောလောဆယ် ကျွန်တော်လည်း ဘယ်လို အမျိုးအစား ဆိုတာကို မပြောနိုင်သေးဘူး။ သွားစစ်ဆေးတဲ့အဖွဲ့ ပြန်လာမှ ပြောနိုင်ပါလိမ့်မယ်။ လောလောဆယ် သိရသလောက်ကတော့ ဝေလငါးကြီးရဲ့ အသားတွေက ပုပ်နေပါပြီ။ အမျိုးအစား အတည်ပြုချက်ကတော့ မရသေးပါဘူး” ဟု မြိတ်ခရိုင် ငါးဦးစီးမှူး ဦးစိန်သောင်းမှ ပြောကြားသည်။
လက်ရှိတွင် အဆိုပါ ဝေလငါးကြီး သေဆုံးနေသည့် နေရာပတ်လည်အား ခြံခတ်ထားပြီး ၀ဲကျွန်းကျေးရွာ ရာအိမ်မှူး ဦးအောင်နိုင်ဌေးနှင့် အဖွဲ့က တာဝန်ယူထားကြောင်း သိရသည်။
Writer:
ဇော်မိုးဦး (မြိတ်)
Labels
ပြည်တွင်းသတင်း
Post A Comment
No comments :