ကန်ထရိုက်လုပ်ငန်းမှ ငွေထုတ်မပေးသည့် ကိစ္စနှင့်ပတ်သက်၍ လူသတ်မှုဖြစ်ပွား
အချင်းဖြစ်မြင်ကွင်း။ ။ ဓါတ်ပုံ - ဟင်္သာသတင်းအေဂျင်စီ |
မကွေး အောက်တိုဘာ ၆
မကွေးမြို့နယ် ချမ်းမြေ့သာယာရွာရှိ အိုးအိမ်ဦးစီးဌာန စီမံကိန်းအိမ်ရာဝင်းအတွင်း အောက်တိုဘာ ၅ ရက် ညပိုင်းက လူသတ်မှုဖြစ်၍ တစ်ဦးသေဆုံးကာ တစ်ဦး (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း မကွေးမြို့မရဲစခန်းက သိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့ ချမ်းမြေ့သာယာရွာရှိ အိုးအိမ်ဦးစီးဌာန စီမံကိန်းအိမ်ရာ တိုက်အမှတ်(၅)၌ အောက်တိုဘာ ၅ ရက် ည ၇ နာရီခန့်က အော်သံများကြားရ သဖြင့် တေဇအောင်နှင့် ဟန်လင်းတို့ သွားရောက်ကြည့်ရှုခဲ့ရာ ဗေကြီး(ခ)ဇော်မျိုး အောင်မှာ လမ်းပေါ်တွင် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေပြီး ၄င်းဘေး၌ အရိုး ခြောက်လက်မ၊ အသွား ၁၂ လက်မခန့်ရှိ ထင်းခုတ်ဓားမတစ်ချောင်းကို တွေ့ရှိရ ကြောင်း သိရသည်။
အချင်းဖြစ်ဆောက်လုပ်ဆဲအိမ်ယာဝန်း။ ။ ဓါတ်ပုံ - ဟင်္သာသတင်းအေဂျင်စီ |
ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးသူ နိုင်ဝင်းအား မကွေးမြို့မရဲစခန်းက အမှုဖွင့် ထားကြောင်း သိရသည်။
ကျော်ဇေယျ
Myanmaalinn
Labels
ပြည်တွင်းသတင်း
Post A Comment
No comments :