အပင်တိုင်း ရှင်မယ့် ပန်းအိုး
အပင်တွေလည်း စိုက်ချင်တယ်၊ ဒါပေမဲ့ ဘယ်လိုစိုက်ပျိုးမှ အပင်ကောင်းကောင်းရှင်သန်မယ်ဆိုတာ မသိသူတွေအတွက်ပါ။ ဒီပန်းအိုးထဲ ဘယ်အပင်ပဲစိုက်စိုက် စိုက်တဲ့အပင်ဟာ ရှင်သန်မှာ ဖြစ်ပါတယ်။ Parrot Pot လို့ခေါ်တဲ့ ဒီပန်းအိုးကို အဆင့်မြင့် နည်းပညာနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး အပင်လိုအပ်နေတဲ့ အလင်းရောင်၊ အစိုဓာတ်၊ အပူချိန်နဲ့ မြေဆီသြဇာတွေကို စောင့်ကြည့်တိုင်းတာ ပေးမှာဖြစ်ပါတယ်။
လိုအပ်တဲ့ စွမ်းအင်တွေဟာ အပင်မှာ လျော့လာပြီ ဒါမှမဟုတ် များလာပြီဆိုရင် အပင်ပိုင်ရှင်ကို ဖုန်းကနေတစ်ဆင့် အကြောင်းကြားမှာ ဖြစ်ပါတယ်။ ဒီ့အတွက် ဖုန်းမှာ အပ်ပလီကေးရှင်း တစ်ခု တပ်ရမှာ ဖြစ်ပါတယ်။ ပန်းအိုးမှာ အပိုရေတိုင်ကီတစ်ခုလည်းပါပြီး ပန်းအိုးပိုင်ရှင် ခရီးထွက်တာ၊ ဒါမှမဟုတ် ရေလောင်းဖို့ မေ့နေတာမျိုးတွေမှာ ဒီတိုင်ကီကနေ ရေဓာတ်ပေးသွားမှာဖြစ်ပါတယ်။
ပန်းအိုးဟာ စွမ်းအင်အနေနဲ့ AAဓာတ်ခဲလေးလုံး သုံးမှာဖြစ်ပြီး တန်ဖိုးက ၉၉ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။
Photos & Source: Daily Mail
REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။
Labels
ဗဟုသုတ ထူးဆန်းထွေလာ
Post A Comment
No comments :