ကန့်​ဘလူမြို့ အမှတ်​(၅)ရပ်​ကွက်​ရှိ ​အောင်​ဇမ္ဗူဆန်​စက်​တွင်​ ဘွိုင်​လာအိုး​ပေါက်​၍ လူတစ်​ဦး ​သေဆုံး


ကန့်​ဘလူ ဒီဇင်​ဘာ ၁၄

စစ်​ကိုင်းတိုင်း​ဒေသကြီး ကန့်​ဘလူမြို့ အမှတ်​(၅)ရပ်​ကွက်​တွင်​ ​အောင်​ဇမ္ဗူဆန်​စက်​၌ ဒီဇင်​ဘာ ၁၄ ရက်​နံနက်​ပိုင်းက ဆန်​စက်​ဘွိုင်​လာအိုး အပူလွန်​ ကဲပြီး​ပေါက်​ ထွက်​ရာမှ ​ရေ​နွေး​ငွေ့အပူ​လောင်​ကာ ​သေဆုံးမှုဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။


ကန့်​ဘလူမြို့ ခုတင်​ ၁၀၀ ​ဆေးရုံ၌ မွန်းလွဲ ၂ နာရီခွဲခန့်​က ဆန်​စက်​ဘွိုင်​လာမှ​ရေ​နွေး​ငွေ့ထွက်​သည့်​ကျွတ်​ပိုက်​​ပေါက်​၍​ရေ​နွေး​ငွေ့အပူ​လောင်​ကျွမ်းထား​သောလူတစ်​ဦး​ရောက်​ရှိ​နေ​ကြောင်း သတင်းအရ ကန့်ဘလူမြို့မ ရဲစခန်းမှ​​ဒုရဲအုပ်​​​အောင်​​ထွေးသည်​သွား​ရောက်​စုံစမ်းစစ်​​ဆေးရာ
သေဆုံးသူသည်​ ကန့်​ဘလူမြို့ အမှတ်​(၅)ရပ်​ကွက်​ ရှိ ​အောင်​ဇမ္ဗူဆန်​စက်​မှစက်​ဆရာ(​မေဆရာ)လုပ်​ငန်းလုပ်​ကိုင်​သူ ဦးဘိုစီ(၆၀)နှစ်​ ဖြစ်​​ကြောင်း သိရသည်​။


ဆန်​စက်​လည်​ပတ်​ရန်​ မီး​ပေါင်​ပြည့်​မပြည့်​ဘွိုင်​လာအိုးအနီး သွား​ရောက်​ကြည့်​ရှုစဉ်​ ဘွိုင်​လာအိုးအတွင်းအချင်း ငါးလက်​မရှိ​ရေ​နွေး​ငွေ့ထွက်​​သော ကျွတ်​ပိုက်​​ပေါက်​၍ ​ရေ​နွေး​ငွေ့အပူ​လောင်​ကျွမ်းခဲ့ပြီး လည်​ပင်း၊ ဝဲယာလက်​၊ဝမ်းဗိုက်​၊​ကျောပြင်​၊ဝဲယာ​ပေါင်​၊ယာဒူး၊ဝဲယာ​ခြေ​ထောက်​များတွင်​အ ​ရေခွံများ လန်​​နေသည့်​ ဒဏ်​ရာများရရှိကာ​သေ ဆုံး​နေသည်​ကို​တွေ့ရသဖြင့်​ ဓမ္မာအတိုင်း​သေဆုံးခြင်းဟုတ်​မဟုတ်​စစ်​​ဆေး​ပေးရန်​ ဒုရဲအုပ်​​အောင်​​ထွေးက မွန်းလွဲ ၅ နာရီခန့်​တွင်​တိုင်​တန်းခဲ့သည်​။


ကန့်​ဘလူမြို့မရဲစခန်းမှ ​သေမှု​သေခင်း အမှတ်​စဉ်​ ၁၃/၂၀၁၆ ဖြင့်​ အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရသည်​။

အဆိုပါအခင်းဖြစ်​ပွားမှုသည်​ နံနက်​ ၉ နာရီ ၁၅မိနစ်​တွင်​ဖြစ်​ပွားခဲ့ပြီး ဦးဘိုစီသည်​ ၁၁ နာရီခွဲ၌​သေဆုံးသွားကြောင်း ရပ်​ကွက်​ပြည်​သူများထံမှ သိရသည်​။

အောင်​ဝင်းငြိမ်း(ကန့်​ဘလူ)
MOI Webportal Myanmar

REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။



BlockAdz
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :