ပုပ္ပားသုံးထပ်လမ်း ဒုတိယကွေ့တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး အရှိန်လွန်ထိုးကျမှုဖြစ်ပွား

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားသုံးထပ်လမ်း ဒုတိယကွေ့တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး အရှိန်လွန်ထိုးကျမှုဖြစ်ပွား
ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-ပုပ္ပားသွားကားလမ်းရှိ သုံးထပ်လမ်း ဒုတိယကွေ့တွင် ဒီဇင်ဘာ(၁၉)ရက်နေ့၊ နံနက်(၁၀း၄၅)နာရီ ခန့်က ခရီးသည်တင်ဘတ်စ်ကားတစ်စီးအရှိန်လွန်၍လမ်းဘေး သို့ ထိုးကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပုပ္ပားရဲစခန်းမှ ရဲအုပ်သူရ စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ် ပုပ္ပားသုံးထပ်လမ်းကွေ့တွင် ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ၊ ကျောက်ပန်းတောင်း-ပုပ္ပားသွားကား လမ်း၊မိုင်တိုင်အမှတ်(၄၀၆/၁၂)အနီး သုံးထပ်လမ်း ဒုတိယကွေ့တွင် ကျောက်ပန်းတောင်းဘက်မှပုပ္ပားဘက်သို့ယာဉ်မောင်း နိုင်ဝင်း မောင်းနှင်ပြီး၊ကျား(၂၃)ဦး မ(၇)ဦးတို့လိုက်ပါလာသော ယာဉ်အမှတ်(2M-×××)ခရမ်းရောင်မှန်လုံယာဉ်သည်၊သုံး ထပ်ကွေ့အတက် ဒုတိယထပ်အရောက်တွင် လမ်း၏၀ဲဘက်ခြမ်းသို့ အရှိန်လွန်ထိုးကျခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ ၄င်းဖြစ်စဉ် ကြောင့် ယာဉ်ပေါ်ပါခရီးသည်(၃၀)ဦးအနက်၊ ကျား(၇)ဦး၊မ (၇)ဦး၊ စုစုပေါင်း(၁၄)ဦးတို့မှာနာကျင်/ပေါက်ပြဲဒဏ်ရာများရရှိ ခဲ့ကြကြောင်းသိရပြီး၊ လူသေဆုံးမှုမရှိကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရလူနာများကို ရဲဆေးစာဖြင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူစေလျှက်ရှိပြီး၊ ယာဉ်မဆင်မဖြင်မောင်းနှင်သူ နိုင်ဝင်းကို ယာဉ်(ပ) ၁၈/၁၆၊ ၃၃၈/၃၃၇ ဖြင့်အရေးယူသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

နေအောင်(IPRD)

REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။



BlockAdz
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :