ကားဖြင့် တိုက်မှုကြောင့် ဆိုင်ကယ် တွန်းလာသူ သေဆုံး

ဆိုင်ကယ်အားတိုက်၍ မောင်းထွက်ပြေးသွားသော ထိုင်းကားအား ရှာဖွေတွေ့ရှိ။ ဓါတ်ပုံ - Ayeminko

မြိတ် ဒီဇင်ဘာ ၎

တနင်္သာရီတိုင်း ဒေသကြီး မောတောင်ဒေသ အနော်ရထာရပ်ကွက်၌ ဒီဇင်ဘာလ (၂)ရက်နေ့  ည ၇ နာရီ ၁၅ မိနစ်က ဆိုင်ကယ် တွန်းလာသူအား ကားဖြင့် နောက်မှ တိုက်မိရာ ဆိုင်ကယ် တွန်းလာသူ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောတောင်နယ်မြေ ရဲစခန်းမှူး ရဲအုပ် အေးနိုင်သည် စခန်းမှူး တာဝန် ထမ်းဆောင် နေစဉ် မောတောင် တိုက်နယ်ဆေးရုံတွင် ဆိုင်ကယ်နှင့်ကား တိုက်မိရာမှ သေဆုံးနေသော အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ရဲအုပ် အေးနိုင်၊ ရဲဒုတိယတပ်ကြပ် မျိုးသီဟ၊ ရဲဒုတိယတပ်ကြပ် အောင်မင်းသိန်းနှင့် မောတောင်ဒေသ အေးသာယာရပ်ကွက် ရာအိမ်မှူး ဦးလင်းဇင်မင်း၊ အနော်ရထာ ရပ်ကွက် ဆယ်အိမ်မှူး ဦးဟန်မြင့်အောင်တို့နှင့် အတူ သွားရောက် စစ်ဆေးခဲ့ပါသည်။


 သေဆုံးသူမှာ အနော်ရထာ ရပ်ကွက် မောတောင်ဒေသ တနင်္သာရီမြို့နယ်နေသူ မင်းအောင်(၃၆)နှစ် ဖြစ်ပြီး ၎င်းသည် တီနာ အနက်ရောင် (လိုင်စင်စိစစ်ဆဲ) မော်တော်ဆိုင်ကယ်အား တနင်္သာရီမြို့မှ မောတောင် ကားလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် မောတောင် ကုန်သွယ်ရေးစခန်း စစ်ဆေးရေးဂိတ် အနီး အရောက်တွင် ဆိုင်ကယ် ချိန်းကျသဖြင့် တွန်းလာရာ တိုယိုတာ အဖြူရောင် မော်တော်ယာဉ်က နောက်မှ ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ် တွန်းလာသူ မင်းအောင်အား ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

 ယာဉ်တိုက်မှုကြောင့် မင်းအောင်တွင် ဝဲဦးခေါင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲမျက်ခုံး ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲနှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာလက်မောင်း ဖူးရောင်ဒဏ်ရာ တစ်ချက်၊ ယာခြေချင်းဝတ် ဖူးရောင်ဒဏ်ရာ တစ်ချက်တို့ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မော်တော်ယာဉ်မောင်းမှာ မောင်းနှင် ထွက်ပြေး သွားခဲ့သည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ မင်းအောင်အား မော်တော်ယာဉ်မောင်း (စုံစမ်းဆဲ)အား အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။



BlockAdz
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :