လူအုပ်စုလိုက် လက်နက်ကိုင် မျက်နှာဖုံးစွပ် ခိုးမှုကျူးလွန်သူများ ဖမ်းမိ

လှိုင်မြစ်ကမ်းတစ်လျှောက် စက်တပ်လှေများအသုံးပြုကာ အုပ်စုဖွဲ့၊ ဓား
လက်နက်များကိုင်ဆောင်၍ ခိုးမှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး
အရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြစ်ကမ်းတစ်လျှောက် စက်တပ်လှေများ အသုံးပြုကာ အုပ်စုဖွဲ့၊ ဓား လက်နက်များ ကိုင်ဆောင်၍ ခိုးမှုကျူးလွန်သူများကို ဒီဇင်ဘာလ (၁၇)ရက်နေ့ က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

လှိုင်မြစ်တလျှောက် ညအချိန်စက်တပ်လှေများ အသုံးပြု၍ လူအုပ်စုလိုက်မျက်နှာဖုံးများစွပ်လျက် လက်နက်များကိုင်ဆောင်ကာ ခိုးမှုများကျူးလွန်နေကြောင်းသတင်းအရ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ယင်းသို့ ပြစ်မှုကျူးလွန်နေသူများကို ဖမ်းဆီးရမိရေး စုံစမ်းဆောင် ရွက်ခဲ့ပါသည်။

၁၃.၁၂.၂၀၁၆ရက်နေ့ ၀၂၁၅ အချိန်တွင် ရဲတပ်ဖွဲ့ဝင်များက မြစ်ကမ်းတလျှောက် လှည့်ကင်းဆောင်ရွက်နေစဉ် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ရေခဲစက်ရုံအနီးရှိ ကျောက်တံတားပေါ်တွင် ဆိုက်ကပ်ထားသော စက်တပ်လှေတစ်စီးအား မသင်္ကာတွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ၎င်းလှေအတွင်း၌ ဓားမြှောင်တစ်ချောင်းနှင့်အတူ ခိုးမှုကျူးလွန်ရာတွင်အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများကို ရှာဖွေ့တွေ့ရှိခဲ့ရပြီး ၎င်းလှေနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းထောက်လှမ်းခဲ့ရာ လှေပိုင်ရှင်မှာ လှိုင်သာယာမြို့နယ်နေ အကြီးကောင်(ခ)ကျော်ကျော်ဖြစ်ပြီး ၎င်းမှာ ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာတွင်လည်း နေထိုင်လေ့ရှိကြောင်း အတည်ပြုစုံစမ်းသိရှိခဲ့ရသဖြင့် ဖမ်းဆီး
ရမိရေးဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၇.၁၂.၂၀၁၆ ရက်နေ့ ၀၅၀၀ အချိန်တွင် အကြီးကောင်(ခ)ကျော်ကျော်အား လှိုင်သာယာမြို့နယ်၊ ဦးထွန်းညိုလမ်းပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းနှင့်အတူ ပိစိ(ခ)မျိုးဇော်ထွန်း၊ သောင်ပျံဦး(ခ)သောင်ယံဦး(ခ)နိုင်ဇော်၊ သံလုံး(ခ)သက်ဝင်းအောင်၊ မျိုးဝင်း(စုံစမ်းဆဲ)၊ ကိုထိုက်(ခ)ဇော်လင်းထိုက်(စုံစမ်းဆဲ)၊ မျိုးမင်းနိုင်(စုံစမ်းဆဲ)၊ သူရ၀င်း(စုံစမ်းဆဲ)တို့နှင့်အတူ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပိစိ(ခ)ဇော်မျိုးထွန်းအား ယင်းနေ့ ၁၃၃၀ အချိန်တွင် ကမာရွတ်မြို့နယ်မှလည်းကောင်း၊ သောင်ပျံဦး(ခ)သောင်ယံဦး(ခ)နိုင်ဇော်နှင့် သလုံး(ခ)သက်ဝင်းအောင်တို့(၂)ဦးအား ၁၄၁၅ အချိန်တွင်လှိုင်မြစ်အတွင်းမှ လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ အကြီးကောင်(ခ)ကျော်ကျော်ပါ(၄)ဦးအားစစ်ဆေးရာ ၎င်းတို့ ၄ ဦးသည် သြဂုတ်လအတွင်းက သူရ၀င်းနှင့်အတူ အင်းစိန်မြို့နယ်၊အေးရှားဝေါဆိပ်ကမ်းရှိ သင်္ဘောတစ်စီးပေါ်မှ ကွန်တိန်နာချိတ်ရာတွင် အသုံးပြုသည့် ချိတ် ၂၀ ခု၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်တံတားဘေးရှိ အလုပ်သမားလိုင်းခန်းအတွင်းမှ လက်ကိုင်ဖုန်း ၄ လုံးတို့အားလည်းကောင်း၊ နိုဝင်ဘာလအတွင်းက ကိုထိုက်(ခ)ဇော်လင်းထိုက်နှင့်အတူ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်ကမ်းအနီးရှိ စက်သုံးဆီရောင်းဝယ်ရေးရုံးခန်းရှိ အံဆွဲ အတွင်းမှ ငွေကျပ်(၂)သိန်းနှင့် ငွေကျပ်(၃၃)သိန်းထည့်ထားသော မီးခံသေတ္တာ ၁ လုံး၊ မျိုးမင်းနိုင်နှင့်အတူ အင်းစိန်မြို့နယ်၊ လှိုင်မြစ်ကမ်းဘေး၊အောင်ဇေယျတံတားနှင့် ဘုရင့်နောင်တံတားကြားရှိ စာသင်ကျောင်း အတွင်းမှ SAMSUNG Note 3 လက်ကိုင် ဖုန်းနှင့် Xiaomi Note 2 လက်ကိုင်ဖုန်း ၁ လုံး၊ ရွှေလက်စွပ် ၁ ကွင်း၊ မင်အိုး ၆ ဘူး၊ ငွေကျပ် ၄၀၀၀၀ ခန့်နှင့် လက်ပတ်နာရီ ၁ လုံး၊ မျိုးဝင်းနှင့်အတူ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအနီးရှိ ကွန်ကရစ်စက်ရုံ၏ရုံးခန်းအတွင်းမှ ငွေကျပ် ၄ သိန်းနှင့် လက်ပ်တော့ကွန်ပျူတာ ၅ လုံးတို့အားလည်းကောင်း၊ ဒီဇင်ဘာလအတွင်းက မျိုးဝင်းနှင့်အတူ အင်းစိန်မြို့နယ်၊ ကမ်းနားရှိ ရေခဲစက်အဆောက်အဦအတွင်းမှ ငွေကျပ် ၈၀၀၀၀၊ လက်ကိုင်ဖုန်း ၁ လုံး၊ ပုဆိုး ၁ ထည်၊ ကိုထိုက်(ခ)
ဇော်လင်းထိုက်နှင့်အတူ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားအနီးရှိ စက်ရုံတစ်ရုံအတွင်းမှ လက်ကိုင်ဖုန်း ၅ လုံးအားလည်းကောင်း အသီးသီး ခိုးယူခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ၎င်းတို့ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် ဓားလက်နက်မျိုးစုံ(၇)လက်၊ ပလာယာ(၃)လက်၊ ဆောက်(၁)ခု၊ ပုဆိန်(၃)လက်၊လေးခွ(၃)လက်၊ ဓါတ်မီး(၃)လက်တို့အား သိမ်းဆည်းရမိခဲ့သည့်အပြင် သက်သေခံပစ္စည်းအချို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေးနှင့် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး တိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။



BlockAdz
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :