လောက်ကိုင်မြို့ကို တပ်မတော်မှ တစ်နာရီအတွင်း ကယ်တင်နိုင်ခဲ့


၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင်းကို MNDAA ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ လက်နက်ကြီးဖြင့် လာရောက် ပစ်ခဲ့တဲ့အတွက် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပေမယ့် လူနေထိုင်ခြင်း မရှိတဲ့အတွက် သေဆုံးမှု မရှိခဲ့ပါဘူး။

လောက်ကိုင်မြို့ကို အမြင့်ပိုင်းကနေ ချိန်ရွယ်ထားတဲ့ ပုံပါ။ အောက်အနိမ့်က လောက်ကိုင်မြို့ပါ။
ဒီသတင်းကို ရရှိသည်နှင့် တစ်ပြိုင်နက် နယ်မြေတပ်မတော်စစ်ကြောင်းက လောက်ကိုင်မြို့နဲ့ ပတ်ဝန်းကျင်ကို နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် ပိုက်စိပ်တိုက်ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။


စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်မှာ လောက်ကိုင်မြို့နဲ့ ၁ မိုင်ခန့်အကွာမှာ တောစပ်တစ်နေရာမှာ MNDAA ကိုးကန့်သောင်းကျန်းသူတွေ တပ်ဆင်ထားတဲ့ ချိန်ကိုက် ရှော့တိုက် ဒုံးကျည် ၂၂ လုံးကို ချိန်ကိုက်မိုင်းနဲ့အတူ ထောင်ထားသည်ကို တွေ့ရှိခဲ့ရပါတယ်။

ချိန်ကိုက်မိုင်း ပေါက်ကွဲရန် တစ်နာရီခန့်အလိုမှာ တပ်မတော်စစ်ကြောင်းက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒုံးကျည်အမျိုးအစားမှာ တရုတ်လုပ် ၁၀၇ မမ ဒုံးပစ်ကျည်များ ဖြစ်ကြပါတယ်။


ဒုံးကျည်တွေ တပ်ဆင်ထားသည်မှာ လောက်ကိုင်မြို့ကို စုပေါင်းချိန်ရွယ်ထားပြီး ချိန်ကိုက်မိုင်း ပေါက်ကွဲမည်ဆိုပါက အဆိုပါ ဒုံးကျည် ၂၂ လုံးသည် လောက်ကိုင်မြို့ကို တစ်ပြိုင်တည်း ပစ်လွှတ်ပေါက်ကွဲနိုင်ပြီး လောက်ကိုင်မြို့ အတွက် မတွေးရဲစရာပင် ဖြစ်ပါတယ်။

Photo - CP
တပ်ကြပ်ကြီး ဖိုးစီ
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :