မာန်အောင်မြို့နယ်တွင် ဝေလငါးကြီးတစ်ကောင် သောင်တင်


ရခိုင်ဂေဇက်၊ စက်တင်ဘာ ၉ ရက်

မာန်အောင်မြို့နယ် ခအုန်းမောင်အုပ်စု ပုတ်ချောင်ရွာ၏ အနောက်ဘက်ကမ်းစပ်နားတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်က ဝေလငါးတစ်ကောင် သောင်တင်တွေ့ရှိကြောင်းသတင်းရရှိသည်။

၎င်းငါး၏ အလျားမှာ ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၃ လက်မ ၊ ဘေးဘယက် ၃ ပေနှင့် ငါး၏ခေါင်းမှာ ၅ ပေရှိပြီး ယင်းငါးကို ဒီရေတက်ချိန်တွင် လူအင်အားဖြင့် ရေထဲပြန်ချလိုက်ကြောင်း မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က ပြောသည်။

ဓာတ်ပုံ - Ye Nay
Rakhine Gazette
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :