ကနောင်မြို့ မှာ အဖိုးအို တစ်ဦး မီးလောင် သေဆုံး
ဖြစ်စဉ်မှာ (၇-၉-၂၀၁၆)စက်တင်ဘာလ (၇)ရက်နေ့ ည(၁၀)နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မ ရဲစခန်းပိုင် ကနောင်ရဲကင်းရဲစခန်း ရဲကင်းမှူးရဲအုပ်ဇော်ဇင်ဦးသည် ရဲကင်းမှူးတာဝန်ဆောင်ရွက်နေစဉ် အမှတ်(3)ရပ်ကွက် ကနောင်မြို့နေ ဒေါ်ကြူကြူ မြင့် အသက်(၅၅)နှစ် (ဘ)ဉီးလှမြင့်မှ ရဲကင်းစခန်းသို့ရောက်ရှိလာပြီး ၎င်း၏နေအိမ်ရှေ့တွင် နေထိုင်သော ဦးသိန်းထွန်း၏ နေအိမ်မှ မီးခိုးများထွက်နေ၍ သွားရောက်ကြည့်ရှု့ရာ နေအိမ်ဘုရားစင်ရှေ့ရှိ အိပ်ရာနှင့် ခြင်ထောင်မှာမီးလောင် နေသည်ကိုတွေ့ရှိသဖြင့် အနီးပတ်ဝန်းကျင်ရှိသူများနှင့် ဝိုင်းဝန်းငြမ်းသတ်သတ်ခဲ့ရာ အိပ်ရာပေါ်တွင် ဦးသိန်းထွန်းမှာ မီးလောင်သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ပြောပြသိရှိရသည်။
 သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဦးသိန်းထွန်း အသက်(၈၈)နှစ်၊(ဘ)ဉီးသီဟန် အမှတ်(၃)ရပ်ကွက် ကနောင်မြို့ နေသူမှာ မီးလောင်ကျွမ်းသည့်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကနောင်ဆေးရုံသို့ ဆေးစာရေးသားပေးပို့၍ ဉီးသိန်းထွန်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်အား ကနောင်ရဲကင်းမှူးရဲအုပ်ဇော်ဇင်ဦးမှ သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၆ ဖြင့် စစ်ဆေးဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
 မီးလောင်သေဆုံးသူ ဦးသိန်းထွန်းမှာ လေငန်းရောဂါရှိပြီး ဆေးလိပ်သောက်တတ်သူတစ်ဦး ဖြစ်၍ ဆေးလိပ်သောက်ရာမှ မီးပွားကျကာ ဂွမ်းကပ် ခြင်ထောင်တို့မှ မီးစွဲလောင်ပြီး ခန္ဒာကိုယ် မီးလောင်းသေဆုံးကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။
ဇော်မျိုးအောင်နှင့်အဖွဲ့
မှု့ခင်းရှုထောင့် မီဒီယာဂရု - Myanaung
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus
No comments :