ညီမဝမ်းကွဲတော် စပ်သူ ဆယ်ကျော်သက် နှစ်ဦး နွားကျောင်း ထင်းခွေရင်း အိမ်အပြန် ချောင်းထဲ မျောပါ သေဆုံး


စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် တောင်းကြားရွာမှ ညီမဝမ်းကွဲတော်စပ်သူ မစုစုနွယ် (၁၅) နှစ်၊ မနုနုဝေ (၁၄) နှစ် ညီမနှစ်ယောက်သည် နွားကျောင်း ထင်းခွေရင်းအိမ်သို့ပြန်လာစဉ် ကန်နီမတာတမံမှ ရေလွတ်ထားစဉ် မိုးများလာသောကြောင့် ရေကျလာကာ ချောင်းထဲမျောပါသွားခဲ့ကြောင်း သိရပါသည်။

စက်တင်ဘာလ (၁၅) ရက်နေ့ နံနက်(၁၁) နာရီချိန်လောက် မျောပါသွားပြီး ညနေ (၃) နာရီလောက်မှာ ဆည်နဲ့ ၂ မိုင်ကျော်မှာပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

 ခတက်ကန် ၊ သစ်ညှိုပင် ၊ တောင်ကြားရွာ၊ ဆည်ကြီးတော ရွာလေးရွာပေါင်းပြီး မျောပါသွားသည့် ညီအမနှစ်ယောက်အား လိုက်လံရှာဖွေခဲ့ကြတာ ဖြစ်တယ်လို့ သေဆုံးသွားသည့် ညီအမနှစ်ယောက်နှင့် အရီးတော်စပ်သူကပြောပြခဲ့ပါတယ်။

 အလောင်းအား ပြန်လည်ရှာတွေ့ခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာက လာပေမယ့် ချောင်းရေကျနေတာကြောင့်ကူးမရပဲပြန်သွားရတာ ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

U Mon Myat
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :