တောင်ယာ အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


နေပြည်တော်၊ စက်တင်ဘာ ၁၆

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဘုရားရွာကျေးရွာနေ ဦးအောင်မင်း(၅၆)နှစ်သည် နေအိမ်၌ရှိနေစဉ် ၎င်း၏ဇနီးဖြစ်သူ မလေးနွယ်(၄၈)နှစ်နှင့် တစ်ရွာတည်းနေ ဇော်ဝင်းနိုင်(၂၅)နှစ်တို့နှစ်ဦး တောင်ယာ ကွက်ထဲ၌ စကားများနေကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ မလေးနွယ်တွင် ပြတ်ရှဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

ပတ်ဝန်ကျင်အား မေးမြန်းရာ တောင်ယာအရောင်းအဝယ် ပြုလုပ်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများရန်ဖြစ်ရာက ဇော်ဝင်းနိုင်မှ အရိုးအသွား ၁ ပေ၊ ၈ လက်မခန့်ရှိ ပေါင်းရှင်း ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။

 ဦးအောင်မင်း၏ တိုင်တန်းချက်အရ ထန်းတပင်မြို့မရဲစခန်းမှ တရားခံအား ယင်းနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် ဖမ်းဆီးရမိပြီး ၎င်းရဲစခန်း(ပ)၁၉၁/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :