အစ္စလာမ်ဘာသာဝင်တို့ရဲ့ အစ်ပွဲတော် ကမ္ဘာအ၀ှမ်းကျင်းပ

ဆော်ဒီအားရေးဘီးယားနိုင်ငံ Mecca မှာ ထောင်နဲ့ချီတဲ့ ဘုရားဖူးတွေရောက်ရှိ
ကမ္ဘာတ၀ှမ်းက အစ္စလမ်ဘာသာဝင်တွေရဲ့ Eid al-Adha လို့ခေါ်တဲ့ ယစ်ပူဇော်တဲ့ အစ်ပွဲတော်တွေ ကျင်းပနေပါတယ်။ တမာန်တော် ဘေဘရာဟင်မ်က သားဖြစ်သူကို ဘုရားသခင်ထံ အပ်နှံတဲ့ အထိမ်းအမှတ်အဖြစ် အခုလို အစ်ပွဲတော်တွေကို ကျင်းပတာပါ။

ဆော်ဒီအားရေးဘီးယားနိုင်ငံ Mecca မှာ ထောင်နဲ့ချီတဲ့ ဘုရားဖူးတွေရောက်ရှိနေပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Mina အရပ်မှာ မကောင်းဆိုးဝါးတွေကို ခဲနဲ့ ပစ်ပေါက်တဲ့ အခမ်းအနား ကျင်းပနေပါတယ်။ အီရတ်နိုင်ငံမှာ ဘက်ဂဒက်မြို့တော်က ဗလီကျောင်းတွေမှာလည်း ထောင်နဲ့ချီတဲ့ အစ္စလမ်ဘာသာဝင်တွေ ၀တ်ပြုဆုတောင်းပွဲတွေ ကျင်းပနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမှာလည်း အစ်ပွဲတော်ကို မိသားစုနဲ့အတူဆင်နွှဲဖို့အတွက် ခရီးသွားသူတွေ များတာကြောင့် ရထားနဲ့ သဘောင်္တွေမှာ လူပြည့်နှက်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာတော့ ဆုတောင်းပွဲနဲ့အတူ၊ သိုး၊ နွား၊ ဆိတ်တွေကို သတ်ပြီး ပူဇော်ပွဲတွေ ကျင်းပသလို၊ မိသားစု၊ ဆွေမျိုး မိတ်ဆွေတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ပေးဝေကြပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မှာလည်း အစ်ပွဲတော်တွေကျင်းပနေပြီး Corban ပွဲတော်လို့ လူသိများတဲ့ အစ်ပွဲတွေကို အထူးသဖြင့် အစ္စလမ်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ရှင်ကျန်းပြည်နယ်က ၀ီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ကျင်းပတာပါ။ အစ်ပွဲတော်တွေကို ပျော်ပွဲရွှင်ပွဲတွေ၊ ဖျော်ဖြေပွဲတွေနဲ့ အတူ ဆင်နွဲနေနေကြတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :