ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ် ၅၄/၂၀၁၆
၁၃၇၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်
(၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-
(၁) ဒေါက်တာထွန်းနိုင် ဒုတိယ၀န်ကြီး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
(၂) ဦးဝင်းမော်ထွန်း ဒုတိယ၀န်ကြီး
ပညာရေးဝန်ကြီးဌာန
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
၁။ အမည် ဒေါက်တာထွန်းနိုင်
၂။ အသက် (မွေးသက္ကရာဇ်) (၅၄) နှစ် (၁-၉-၁၉၆၂)
၃။ လူမျိုးကိုးကွယ်သည့်ဘာသာ ဗမာ/ဗုဒ္ဓ
၎။ မွေးရာဇာတိ ပြွန်တန်ဆာမြို့၊ ပဲခူးတိုင်းဒေသကြီး
၅။ နိုင်ငံသား/အမျိုးသားမှတ်ပုံတင်အမှတ် ၉/မသန (နိုင်) ၀၇၈၆၂၂
၆။ ယခုနေရပ်လိပ်စာအပြည့်အစုံ ဓါတ်အားစနစ်ဌာန၊ အမှတ် (၂) လျှစ်စစ်
စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်
၇။ ပညာအရည်အချင်း မဟာအင်ဂျင်နီယာဘွဲ့၊ (လျှပ်စစ်စွမ်းအား)
၈။ အဘအမည်၊ ဦးမျိုးအောင်
လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ဗမာ/ဗုဒ္ဓ
ဇာတိနှင့်အလုပ်အကိုင် (ကွယ်လွန်)
၉။ အမိအမည်၊ ဒေါ်ခင်ရီ၊
လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ဗမာ/ဗုဒ္ဓ၊
ဇာတိနှင့်အလုပ်အကိုင် မှီခို။
၁၀။ ကာယကံရှင် မွေးဖွားချိန်၌ နိုင်ငံသားဟုတ်ပါသည်။
မိဘနှစ်ပါးသည် နိုင်ငံသား ဟုတ်/မဟုတ်
ကိုယ်ရေးအကျဉ်း
၁။ အမည် ဦးဝင်းမော်ထွန်း
၂။ အသက် (မွေးသက္ကရာဇ်) (၅၈) နှစ် (၁၄-၅-၁၉၅၈)
၃။ လူမျိုးကိုးကွယ်သည့် ဘာသာ ဗမာ/ဗုဒ္ဓ
၎။ မွေးရာဇာတိ မန္တလေးတိုင်း၊ မန္တလေးမြို့။
၅။ နိုင်ငံသား/အမျိုးသားမှတ်ပုံတင်အမှတ် ၁၂/ဥကတ (နိုင်) ၀၀၆၈၄၁
၆။ ယခုနေရပ်လိပ်စာအပြည့်အစုံ တိုက် (၅၅၂-B)၊
ညွှန်ကြားရေးမှူးချုပ်အိမ်ယာ၊
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
၇။ ပညာအရည်အချင်း B.E (Mechanical)
၈။ အဘအမည်၊ ဦးထွန်းရင်၊
လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ဗမာ/ဗုဒ္ဓ၊
ဇာတိနှင့်အလုပ်အကိုင် မန္တလေး၊
အငြိမ်းစား ဆည်မြောင်းအင်ဂျင်နီယာ
၉။ အမိအမည်၊ ဒေါ်စိုးရီ၊
လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ဗမာ/ဗုဒ္ဓ၊
ဇာတိနှင့်အလုပ်အကိုင် မန္တလေး၊ စာတိုက်စာရေး
၁၀။ ကာယကံရှင် မွေးဖွားချိန်၌ နိုင်ငံသားဟုတ်ပါသည်။
မိဘနှစ်ပါးသည် နိုင်ငံသား ဟုတ်/မဟုတ်
Labels
ပြည်တွင်းသတင်း

Post A Comment
No comments :