မုံရွာ၊ ကန်သာယာကန်ဘေး ချိန်းတွေ့သော စုံတွဲအား ဓားထောက်လုခဲ့သောအုပ်စုမှ တစ်ဦးကို ဖမ်းမိ


မုံရွာ၊ စက်တင်ဘာ ၁၇။

မုံရွာမြို့၊ ဒေါနခြံရပ်၊ ကန်သာယာကန်ဘေး ၊စိမ်းရောင်စို ဘီယာဆိုင်အနီးတွင် ညအချိန် ချိန်းတွေ့နေသော စုံတွဲ တစ်တွဲအား ဓားထောက်လုယက်ခဲ့သော လူလေးဦးမှ တစ်ဦးကို ယခုလ ၁၅ရက်က မုံရွာမြို့မြို့မရဲစခန်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာမြို့၊ နန္ဒ၀န်ရပ်မှ ၀ပ်ရှော့လုပ်သားသည် ရည်စားနှင့်ချိန်းတွေ့နေခိုက် ဆိုင်ကယ်တစ်စင်းဖြင့် လူလေးဦးရောက်လာပြီး ဓားဖြင့်လည်ပင်းထောက်ကာ စကူပီ ဆိုင်ကယ်နှင့် ဖုန်းနှစ်လုံကို ယူဆောင်ပြီး ထွက်ပြေးခဲ့ကြသည်။

" ကျန်တဲ့သုံးယောက်ကိုလည်း နာမည်ရထားပြီးပြီ။လိုက်ဖမ်းနေတယ်။ တစ်ယောက်ကတော့ ဆိုင်ကယ်နဲ့တကွ လက်ရမိတယ်" ဟု မြို့မရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

"ကန်သာယာဆို မြို့ရဲ့စည်တဲ့ လမ်းနှစ်လမ်း ကြားမှာရှိတာ။ ဒါပေမယ့် လမ်းမီးထွန်းတာ မရှိတော့ အတွဲတွေကလည်း မှောင်ရိပ်ခိုကြတာနဲ့ ဒီလို လုယက်ခံရတာ။ မြို့ထဲတောင်လုပ်မှတော့ မြို့ပြင်ဆို မပြောပါနဲ့တော့"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၂၄ ရက် ညနေပိုင်းကလည်း မုံရွာမြိုနယ် ကျောက္ကာရွာအနီးလမ်းကွင်းဘေးတွင် တက္ကသိုလ်ကျောင်းမှ စုံတွဲတစ်တွဲချိန်းတွေ့နေခိုက် လူ သုးံဦးမှ ဓားထောက်ခြိမ်းခြောက်၍ ဆိုင်ကယ်ကို ယူဆောင်ထွက်ပြေးခဲ့သော အမှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံများကို ယနေ့အချိန်ထိ မဖမ်းမိသေးကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :