JB ကို ရှောင်ရှားဖို့အတွက် ဖုန်းနံပါတ်ပြောင်းလိုက်တဲ့ ဆလီနာဂိုးမက်ဇ်


ဆလီနာကတော့ ဂျက်စတင်ဘီဘာပေါ်မှာ ကျန်ရှိနေသေးတဲ့ လက်ကျန်သံယောဇဉ်ကိုပါ အပြီးတိုင် ဖြတ်လိုက်တဲ့ ပုံပါပဲ။ ပရိသတ်တွေအားလုံးသိခဲ့ကြတဲ့ Instagram က သူတို့နှစ်ယောက်ကြား ကဆောက်ကဆဖြစ်ရပ်အပြီးမှာ ဆလီနာဟာ ဘီဘာကို ရှောင်ရှားဖို့အတွက် ဖုန်းနံပါတ်အသစ်တစ်ခုကိုပါ လဲလှယ်လိုက်တယ်လို့ သိရပါတယ်။

ဆလီနာနဲ့ နီးစပ်သူတွေ ပြောကြားချက်အရတော့ ဆလီနာဟာ သူမရဲ့ ဖုန်းနံပါတ်သစ်ကို ဘီဘာကို မပေးဖို့ မှာကြားထားတယ်လို့ သိရပြီး သူမရဲ့ စိတ်အလိုမကျမှုဖြစ်ရပ်အများစုမှာတော့ JB က အဓိက တရားခံဖြစ်တယ်လို့ သတင်းတွေက ရေးသားကြပါတယ်။

ဂျက်စတင်ဘီဘာဟာဆိုရင်တော့ သူ့ရဲ့ ရည်းစားသစ်ဖြစ်သူ ဆိုဖီယာရစ်ချီကို တိုက်ခိုက်တဲ့ စာသားတွေ မရေးကြဖို့အတွက် Instagram ပေါ်မှာ ရှိနေတဲ့ သူ့ရဲ့ ပရိသတ်ကို ပြောကြားခဲ့ပြီး ဆက်လက်တိုက်ခိုက်နေရင် အကောင့်ကို Private လုပ်လိုက်မယ်လို့ ဆိုခဲ့တာပါ။ အဲ့ဒီအချိန်မှာ ဆယ်လီနာဂိုးမက်ဇ်က မခံမရပ်နိုင်ဖြစ်ပြီး ပရိသတ်တွေကို အဲ့လိုပြောရလားဆိုပြီး ကွန်မန့်မှာ ပေါက်ကွဃဲ့တာဖြစ်ပါတယ်။

ဆလီနာဂိုးမက်ဇ်က အဲ့လိုဝင်ပြောဆိုပြီးတဲ့နောက်မှာ ဂျက်စတင်ဘီဘာရဲ့ တစ်ဖက်သတ်ပရိသတ်တွေက နင်က အဆိုတော် Zayn Malik နဲ့ ဖောက်ပြန်ခဲ့တာလေဆိုပြီး ပြန်လည် ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဆလီနာကတော့ လောလောဆယ်မှာ သူမရဲ့ အယ်လ်ဘမ် “Revival” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဖျော်ဖြေလျက်ရှိနေပြီး သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အထူးအားပေးကုသလျက်ရှိနေတယ်လို့ သိရပါတယ်။

( Beauty Syh )
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :