ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်ကျေးရွာတွင် အစိုးရဝန်ထမ်းများနေထိုင်သော အဆောင်တစ်ခု မီးလောင်
စက်တင်ဘာ ၁၅/ DMG
ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်ကျေးရွာတွင် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က အစိုးရဝန်ထမ်းများနေထိုင်သော အဆောင်တစ်ခု မီးလောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်သွားသောအဆောင်တွင် ၎င်းကျေးရွာအတွင်း လာရောက်တာဝန်ထမ်းဆောင်နေသော ပညာရေးဆရာ၊ ဆရာများနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ကြကြောင်း သိရသည်။
"ဝန်ထမ်းတွေနေတဲ့အဆောင်မှာပေါ့။ ဝန်ထမ်းတွေမရှိခိုက် မီးလောင်သွားခဲ့ပါတယ်။ နောက်တစ်အိမ်က ကူးစက်ပြီး လောင်သွားတာပါ။ (၁၀)နာရီခွဲလောက်မှာ မီးကိုငြိမ်းခဲ့ပါတယ်။ ဆရာ၊ဆရာမတွေတော့ ထိခိုက်ဒဏ်ရာမရရှိခဲ့ပါဘူး။ သူတို့ရဲ့အဝတ်တွေ၊ပစ္စည်းတွေကတော့ အကုန်လုံးမီးလောင်သွားခဲ့ပါတယ် " ဟု ဘူးသီးတောင်မြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ထူးက ပြောသည်။
အဆိုပါအဆောင်ကို ကျပ်သိန်း(၃၀)ခန့် အသုံးပြုကာ လွန်ခဲ့သည့် ၂ နှစ်ကပင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သွပ်မိုး၊ ဝါးထရံကာအမျိုးအစား အဆောက်အအုံဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
"ဆုံးရှုံးမှုတန်ဖိုးတော့ ကျွန်တော်တို့အတိအကျပြောလို့မရသေးဘူး၊ ခုစာရင်းလုပ်နေပါတယ် " လို့ ဘူးသီးတောင်မီးတပ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Photo - Facebook
Development Media Group


Post A Comment
No comments :