ဆိပ်ဖြူမြို့နယ် ဒေါသာကျေးရွာ၌ မိုးကြိုးစက်ကွင်း မိ၍ (၆၃)သေဆုံးခဲ့


ဆိပ်ဖြူ  - စက်တင်ဘာ ၁၅

မကွေးတိုင်ဒေသကြီး ဆိပ်ဖြူမြို့နယ် ဒေါသာကျေးရွာ၏ အနောက်မြောက်ဘက် (၂)မိုင်ခန့် အကွာ ချစ်ချောင်းအနီး ဖျောက်ဆိပ်ပင် မိုးကြိုးထိပြစ်ခြင်းကြောင့် ဆိတ်၊ သိုး (၆၃)ကောင် မိုးကြိုးစက်ကွင်း မိသေဆုံးခြင်းကို စက်တင်ဘာလ (၁၅)ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲက ဖြစ်ပွားသည်။


အဆိုပါဖြစ်စဉ်ကြောင့် ဒေါသာကျေးရွာမှ ဦးလှမောင်ဌေး ပိုင်ဆိုင်သော ဆိတ် (၅၁)ကောင်နှင့် ဦးသိန်းထွန်း ပိုင်ဆိုင်သည့် သိုး(၁၂)ကောင် စားကျက်ချ လွှတ်ကျောင်း ချိန်တွင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်းသိရှိရသည်။ မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အေး ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းမြင့်ဝင်းနှင့်တပ်ဖွဲ့ဝင်များ ၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ကျော် တို့ပါဝင်သော အဖွဲ့သည် အဆိုပါကျေးရွာသို့သွားရောက်ခဲ့ပြီး မိုးကြိုထိမှန် သေဆုံးခဲ့သည့် ဆိတ်နှင့် သိုးများကို မြေမြှပ် သုတ်သင် ရှင်းလင်စေရေးလုပ်ငန်းများ ကို လမ်းညွှန်ကြီး ကြပ်ဆောင်ရွက်ခဲ့ပြီး မိုးကြိုးထိမှန် သေဆုံးခဲ့သည့် ဆိတ်၊ သိုး (၆၃) ကောင်၏ ဆုံးရှုံးမှုတန်းဖိုးမှာ ၂၃ သိန်း ၈ သောင်း ၅ထောင်ကျပ်ခန့်ရှိကြောင်းသိရှိရပြီး လူထိခိုက် သေဆုံးမှု မရှိကြောင်းသိရှိရသည်။

စိုးလင်းနိုင်(IPRD)
MOI Webportal Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :