မြန်မာအမျိုးသမီးတစ်ဦးဆီက မင်္ဂလာဦး လက်ဖွဲ့ ရွှေထည်ပစ္စည်းတွေ လုယူသွားတဲ့ ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိ


မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးဆီကနေ ဘတ်(၆)သိန်းခန့်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ လုယူသွားတဲ့ထိုင်းနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။

ဒီလ (၃)ရက်က စားသောက်ဆိုင်တစ်ခုမှာ လုယက်ခံခဲ့ရတာဖြစ်ပြီး လုယက်သူဟာ အသက်(၂၇)နှစ်ခန့်ရှိပါတယ်။ လုယက်ခံရသူဟာ အင်္ဂလန်မှာသူနာပြုလုပ်ကိုင်တဲ့သူဖြစ်ပြီး မကြာသေးခင်အချိန် ကမှ မြန်မာနိုင်ငံမှာမင်္ဂလာပွဲ ကျင်းပခဲ့သူဖြစ်ပါတယ်။

 လုယက်ခံရတဲ့ လက်ဝတ်ရတနာတွေဟာ မင်္ဂလာလက်ဖွဲ့တွေဖြစ်တယ်လို့လည်း သိရပါတယ်။ လုယက်သူကိုဖမ်းမိတဲ့အချိန်မှာ လက်ဝတ်ရတနာတွေအပြင် ဘဏ်စာအုပ်ကိုပါ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Bangkok Post
5 Plus News
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :