မြေနီကုန်း ဂုံတံတားအောက်မှာ အိမ်စီးကားတစ်စီး ရုတ်တရက် မီးလောင်
စက်တင်ဘာလ(၁၀)ရက်နေ့် စနေနေ့ ည၁၂နာရီထိုးခါနီး ရန်ကုန်မြို့ မြေနီကုန်း ဂုံတံတားအောက်မှာ အိမ်စီးကားတစ်စီး ရုတ်တရက် မီးထလောင်ခဲ့ပါတယ်။
မီးပွိုင့်မိလို့ ရပ်ထားတဲ့ အချိန်မှာ ထလောင်တာလို့ ကားမောင်းလာသူကပြောပါတယ်။
ကားပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လိုက်ပါလာပြီး၂ဦးစလုံးဘေးကင်းလွတ်မြောက်ခဲ့ပါတယ်။
မီးထလောင်ပြီး ၁၀မိနစ်ခန့် ကြာတဲ့အချိန်မှာ မီးသတ်ကားရောက်လာခဲ့ပါတယ်။
မီးသတ်ကား မလာခင် အနီးပတ်ဝန်းကျင်က လူတွေက မီးဝိုင်းငြိမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။
ကားမီးလောင်မှုကြောင့်ယဉ်ကြောပိတ်ဆို့ မှု အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။
5 Plus News
Labels
ပြည်တွင်းသတင်း



Post A Comment
No comments :